Chapter 70

10.6K 1.9K 78
                                    

MWFV Ch 70

Fight

Zawgyi Version

ယနေ့ Mr.ချင်က ရှားရှားပါးပါး အိမ်ကိုအစောကြီးပြန်လာခဲ့တယ်။ သူ စုပေ၊ စုရှောင်ပေါင်တို့နဲ့ ညစာစားတော့မယ့်အချိန်မှာ သူ့မိုဘိုင်းဖုန်းမြည်လာခဲ့တယ်။ ချင်ကျင်းကော်ဆီမှပင်။ Caller ID ကိုမြင်လိုက်ချိန် Mr.ချင်ရဲ့မျက်ဝန်းတွေထဲမှာ အထင်သေးမှုတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး သူချက်ချင်းဖုန်းပြန်ဖြေလိုက်တယ်။

ချင်ကျင်းကော်ရဲ့အသံက receiver ကနေ ထွက်ပေါ်လာတယ်။ "မင်းအလုပ်များနေလား?"

"မများပါဘူး။ အဖေပြောစရာရှိရင် တည့်တည့်သာပြောပါ" ချင်ရှောက်လည်း ယဉ်ကျေးမနေတော့ဘူး။ တစ်ဖက်ကဖုန်းခေါ်ဆိုလာသူနဲ့ အရေမရအဖတ်မရတွေ လျှောက်ပြောပြီး အချိန်ဖြုန်းမနေချင်တာ အသိသာကြီးပင်။

ချင်ကျင်းကော် : "မင်းအလုပ်မများဘူးဆိုရင် ကျင်းရှီဥယျာဉ်ကို ညစာလာစားပါလား"

ချင်ရှောက်က မျက်လွှာချပြီး လှောင်ပြောင်လိုက်တယ်။ "ဒါက အဖေ့ရဲ့မယားပါသား‌ပေါက်လေးကြောင့်လား?"

ချင်ကျင်းကော် : "..."

ခဏကြာပြီးနောက် ချင်ကျင်းကော်က ထပ်ပြောလာပြန်တယ်။ "ဒီကိုလာခဲ့ပါ။ ငါတို့မိသားစုတွေထိုင်ပြီး အေးအေးဆေးဆေး စကားပြောဖို့လိုနေပြီ"

...

Mr.ချင်ရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် အေးစက်နေတယ်။ သို့သော် သူဖုန်းချပြီး သူ့ကလေးနှစ်ယောက်ကို ပြန်ကြည့်လိုက်ချိန်မှာတော့ သူ့အမူအရာက ပုံမှန်ပြန်ဖြစ်သွားတော့တယ်။

"မင်းတို့နှစ်ယောက် အိမ်မှာနေပြီး ညစာစားနှင့်ကြ။ အဖေအပြင်သွားစရာရှိလို့" ထိုသို့ပြောပြီးနောက် Mr.ချင်က ကုတ်အင်္ကျီကိုယူပြီး အပြင်ထွက်ဖို့ပြင်လိုက်တယ်။

စုပေက သူ့အ‌ဖေကိုဟန့်တားလိုက်တယ်။ "နေပါဦး"

"ဖေဖေ, ဘိုးဘိုး၊ ဘွားဘွားတို့အိမ်ကိုသွားမလို့လား?"

Mr.ချင်က ခေါင်းညိတ်ပြလိုက်တယ်။

စုပေ : "သမီးလည်းလိုက်မယ်!"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now