Chapter 27

13.3K 1.9K 52
                                    

MWFV Ch 27

This Is For You, Dad

Zawgyi Version

ကျောင်းအတွင်းရှိလူတိုင်းမှာ စုပေနှင့်စုရှောင်ပေါင်တို့ရဲ့ပြောင်းလဲမှုကြောင့် တုန်လှုပ်နေခဲ့ကြတယ်။ တကယ်တမ်း ဒီလိုဖြစ်ရတာက အမွှာနှစ်ယောက်က တစ်ချိန်တည်းမှာ ပေါ်လာတာကြောင့် မဟုတ်ပေမယ့်လို့ ဒီလိုမျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့ကောင်မလေးက တစ်ချိန်က ကျောင်းမှာ အမြဲတမ်းလိုလို အနိုင်ကျင့်ခံခဲ့ရတဲ့ စုတ်ပြတ်နုံချာတဲ့ပိုးကောင်လေးတစ်ကောင်ဖြစ်နေမှန်း သူတို့တောင် မမှတ်မိသလောက်ဖြစ်သွားခဲ့တာကြောင့်ဖြစ်တယ်။

"သူတို့ပြောင်းလဲသွားတာက အရမ်းမိုက်လွန်းတော့ ငါသူတို့ကို လုံးလုံးမမှတ်မိလိုက်ဘူး" ကျောင်းသားအချို့က သက်ပြင်းချလိုက်တယ်။

"လူတွေဟာ အဝတ်အစားတွေအပေါ်မှာမှီခိုနေကြတာပဲနော်။ သေချာတာပေါ့ သူတို့က ဒီလိုဈေးကြီးတဲ့အဝတ်တွေကို ဝတ်နေမှတော့ အရမ်းကြည့်ကောင်းနေမှာပဲလေ"

"အာ, ဒါပေမယ့် ဒါကြီးကတော့ အရမ်းလန့်စရာကောင်းတယ်လေ။ တကယ်တော့ စုပေက ချင် Group ရဲ့ ဥက္ကဌကို ဆွဲဆောင်ဖျားယောင်းဖို့ ဘယ်လိုလှည့်ကွက်မျိုးကို သုံးလိုက်တာပါလိမ့်..."

"ငါလည်းသိချင်နေတာ။ ငယ်ငယ်လေးပဲရှိသေးတာကို ဒီလိုအရာမျိုးကိုတောင် လုပ်ပြီးနေပြီလေ။ နောက်ပြီး သူက လူရှေ့သူရှေ့ကိုတောင်ထွက်ပြရဲသေးတယ်"

"ငါထင်တာတော့ ဒါကနည်းနည်းလေးရွံစရာကောင်းသလားလို့။ အလယ်တန်းကျောင်းသူလေးတစ်ယောက်နဲ့ ချိတ်လိုက်တယ်ဆိုတော့...ဒီ ချင် Group ရဲ့ ဥက္ကဌက လူကောင်းတစ်ယောက်မဖြစ်နိုင်ဘူး"

မိန်းကလေးအများစုက အထင်သေးစွာတီးတိုးပြောဆိုနေခဲ့ကြတယ်။ သို့သော်လည်း သူတို့စကားတွေကြားမှ မနာလိုမှုတွေကိုတော့ ဖုံးကွယ်ရန်ခက်ခဲလှတယ်။

-အကယ်၍များ စုပေက ထိပ်ပြောင်ပြောင်လူအိုကြီးတစ်ယောက်ကို 'ချိတ်လိုက်တယ်' ဆိုရင်တော့ သူတို့က သူမကို လှောင်ပြောင်လိုက်ကြရုံပဲလေ။ ပြဿနာက ဒီလူက မဟားတရားချမ်းသာပြီး အာဏာရှိလှတဲ့ ချင် Group ရဲ့ ဥက္ကဌတစ်ယောက် ဖြစ်နေတဲ့အပြင်ကိုမှ အရေးအကြီးဆုံးကတော့ အလွန်တရာ ချောမောခန့်ညားနေတာကြောင့်ပဲ။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now