Extra - 1

10.4K 1.4K 43
                                    


MWFV Extra 1

Xiaobei and Xiaobao's Previous Life

Zawgyi Version

ဟုန်ရှင်းခရိုင်အတွင်းရှိ N မြို့က ဝေးလံခေါင်သီတဲ့ဒေသတစ်ခုထဲက သေးငယ်ပြီး မထင်မရှား ခရိုင်မြို့လေးတစ်မြို့ဖြစ်တယ်။ ပြီးခဲ့တဲ့သုံးလက 'Black and White Dream' ရုပ်ရှင်အဖွဲ့သားတွေက ရိုက်ကူးရေးလုပ်ဖို့ ဒီနေရာကိုရောက်လာခဲ့ကြပြီး အခုချိန်မှာ ပြီးသလောက်ရှိနေပြီဖြစ်တယ်။

နေဝင်လုဆဲဆဲဖြစ်‌တာ‌ကြောင့် ယနေ့ရိုက်ကူးရေးက ပြီးဆုံးသွားခဲ့ပြီဖြစ်တယ်။ သရုပ်ဆောင်အားလုံးက ပြန်သူပြန် ဒါမှမဟုတ် သူတို့ရဲ့နားနေခန်းဆီသွားသူသွားကာ ရိုက်ကူးရေးအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ကို‌တော့ ဒေသခံအဖွဲ့နဲ့ထားခဲ့တာဖြစ်တယ်။

ဒီဒေသခံအဖွဲ့ကို ဒေသခံလူဆိုးဂိုဏ်းတွေဆီကနေ စုဆောင်းထားတာဖြစ်တယ်။ သူတို့တွေက လူဆိုးအုပ်စုတစ်စုဖြစ်ပေမယ့် သူတို့ရဲ့လုပ်အားခက ဈေးပိုသက်သာပြီး အဲ့ဒီအုပ်စုမှာ သူ့လူတွေကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်တစ်ဦးလည်းရှိတာကြောင့် ဒါရိုက်တာအဖွဲ့ကလည်း စိတ်အေးလက်အေးရှိလှတယ်။

"ချန်ဇီ၊ တာ့‌ကုံ၊ သတိထားကြ။ ဒီပစ္စည်းတွေက ဈေးမသေးဘူး!"

"ဟဲဟဲ, ဟုတ်ကဲ့ပါဗျ"

လူတစ်စုက အသုံးအဆောင်ပစ္စည်းတွေအားလုံးကို အလျင်အမြန် စုစည်းပြီး လူငယ်တစ်ဦးဆီသို့ လျှောက်လာခဲ့ကြတယ်။ "ပေါင်ကော၊ ကျွန်တော်တို့ပြီးပြီ။ ကြည့်ကြည့်ဦး"

လူငယ်က စစ်ဆေးဖို့ အနားကိုလျှောက်လာခဲ့တယ်။ သူက ထူးချွန်ထက်မြက်တဲ့အသွင်အပြင်နဲ့ အလွန်ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ သို့ပေမဲ့ အနီးကပ်ကြည့်လိုက်ရင်တော့ သူက တကယ့်ကို ဝမ်းနည်းစရာကောင်းလောက်အောင် ခြေဆာ‌နေသူတစ်ယောက်ဖြစ်နေတာပင်။

"ကောင်းပြီ၊ ဒီနေ့အလုပ်ပြီးသွားပြီ"

"ရေး!"

"ဒါနဲ့လေ၊ ပေါင်ကော၊ ဟိုးအရင်ရက်တွေတုန်းက ဟွမ်ချောင်က ဘားတစ်ခုကို ကျွန်တော်တို့‌သွားကူပေးကြသေးတယ်မလား? အခု‌လေးတင် ကွေ့‌ကောက ဒီညကိုထပ်ကူပေးဖို့ ကျွန်တော်တို့‌ဆီ လူလွှတ်ပြီးပြောခိုင်းလိုက်တယ်"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now