Chapter 84

10.1K 1.7K 48
                                    

MWFV Ch 84

New Year Eve

Zawgyi Version

မကြာခင်မှာပဲ ဒီဇင်ဘာ ၃၁ရက်၊ နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာခဲ့တယ်။ မနက်အစောကြီးကတည်းက စုရှောင်ပေါင်တစ်ယောက် စုပေအခန်းထဲရောက်နေခဲ့တယ်။ အခုချိန်မှာ ကောင်လေးက အနီရောင်ဖဲကြိုးကိုသုံးပြီး စုပေရဲ့ဆံပင်ကိုစည်းပေးနေတယ်။ ပုံစံသိပ်မကျသော်ငြား သူ့လှုပ်ရှားမှုတွေက အလွန်ကျွမ်းကျင်လှတယ်။

ဒါက အမွှာနှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်ပေးတဲ့ နှစ်သစ်ကူး အထူးလက်ဆောင်ပဲဖြစ်တယ်။ သူတို့မိသားစုရဲ့စီးပွားရေးအခြေအနေကြောင့် ကျေးလက်ဒေသမှာနေထိုင်ခဲ့စဉ်က သူတို့မှာ နှစ်စဉ်နှစ်တိုင်း အဝတ်အစားသစ်တွေ မဝယ်နိုင်ခဲ့ကြဘူး, နောက်ပြီး ဒီနှစ် သူတို့ပြင်ဆင်ထားတဲ့ အနီရောင်ခြေအိတ်တွေ၊ အနီရောင်လက်အိတ်တွေပေးဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်။ အဲဒါကြောင့် အနီရောင်ဖဲကြိုးလို သေးငယ်တဲ့ပစ္စည်း‌လေးတွေက သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်လာခဲ့တယ်။

"ရှောင်ပေ, နှစ်သစ်မှာပျော်ရွှင်ပါစေလို့ ငါဆုတောင်းပါတယ်။ နေ့တိုင်းနေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အပူအပင်ကင်းပါစေနော်" ဖဲကြိုးကို ဖဲပြားပုံစံချည်ပြီးသွားတဲ့နောက် စုရှောင်ပေါင်က စုပေအား နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်တယ်။

"နင်လည်း ဒီအတိုင်းပဲနော်" မှန်ထဲကနေ စုပေ စုရှောင်ပေါင်ကို ပြုံးပြလိုက်တယ်။ သူမ မတ်တပ်ထရပ်ပြီး စုရှောင်ပေါင် သူမကိုစည်း‌ပေးထားတဲ့ဆံပင်ကို ကျေနပ်အားရစွာ ကြည့်လိုက်တယ်, အဲ့ဒီနောက် ပြန်လှည့်လာပြီး စုရှောင်ပေါင်ရဲ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်မှာ ကျစ်ထားတဲ့အနီရောင်ကြိုးတစ်ချောင်းကို ချည်ပေးလိုက်တယ်။

"စုရှောင်ပေါင်, နှစ်သစ်မှာပျော်ရွှင်ပါစေ" အမွှာနှစ်‌ယောက်က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြတယ်။

"ရှောင်ပေါင်, နင်လည်း ဒီနှစ်မှာ လိမ်လိမ်မာမာနေရမယ်နော်။ နောက်ပြီးတော့ အန္တရာယ်ကင်းကင်းနဲ့လည်း ကြီးပြင်းလာရမယ်။ အကယ်‌၍များ နင်က ထူးချွန်ထက်မြက်ပြီး အင်အားကြီးတဲ့လူတစ်ယောက် ဖြစ်လာမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now