Chapter 89

10.2K 1.8K 58
                                    


MWFV Ch 89

Birthday

Zawgyi Version

စုပေတစ်‌ယောက် သူမ တည်ရှိနေမှုကို သူမ၏ဖခင်ထံ တစာစာ တွယ်ကပ်ပြနေခဲ့တယ်, ရုံးခန်းထောင့်မှာ အချိန်ကြာကြာလေး ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်မနေဘဲ ရံဖန်ရံခါဆိုသလို Mr.ချင်ရှေ့သို့ ထခုန်လိုက်ခြင်းမျိုး သို့မဟုတ် Mr.ချင်၏စားပွဲအရှေ့တည့်တည့်က ဆိုဖာကျယ်ကြီးပေါ်မှာ လဲ‌လျောင်းလိုက်ခြင်းမျိုးအပြင် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုမှုအချို့ကိုပါ လုပ်ဆောင်ခဲ့တယ်။

စုပေ : "အခုတလော ဖေဖေ အလုပ်အရမ်းများနေတာလားဟင်?"

Mr.ချင် စာရွက်စာတမ်းကိုချထားပြီး သူ့သမီးလေးကို တစ်ချက်ကြည့်လိုက်တယ်။ "တစ်ချို့စီမံကိန်းတွေက နောက်ဆုံးအဆင့်ကိုရောက်နေပြီလေ"

စုပေက "အိုး" ဟု သာမန်ကာလျှံကာ ပြန်ဖြေပြီး သူမရဲ့ကိုယ်ပိုင်စားပွဲဆီပြန်သွားကာ Mr.ချင် သူမကိုပေးထားတဲ့စာအုပ်ကို ဆက်ဖတ်နေလိုက်တယ်။

နာရီဝက်ခန့်အကြာမှာ သူမ Mr.ချင့်ဆီ တစ်ဖန် ပြန်ပြေးလာပြန်တယ်။ "ဖေဖေက ဒီလကုန်အထိ အလုပ်များတုန်းပဲလား?"

Mr.ချင် : "မဟုတ်ပါဘူး"

စုပေ : "သမီးကြားတာတော့ အဲ့အချိန်လောက်ဆိုရင် အပူချိန်က ပိုပြီးနွေးလာလိမ့်မယ်တဲ့။ မိုးလေဝသခန့်မှန်းချက်ကလည်း အကောင်းဆုံးပဲလေ"

Mr.ချင် : "ဟုတ်လား"

စုပေ : "အဲ့ရက်တွေကျရင် ဖေ‌ဖေ့မှာ အလုပ်အချိန်ဇယားတွေ ဘာတွေရှိလားဟင်?"

Mr.ချင် : "အထွေအထူးတော့မရှိပါဘူး"

...

"ဖေဖေ့ သမီး ဒီလက်ကောက်လေးကြိုက်တယ်။ သမီးကို အဲ့တာလေးဝယ်ပေးပါလားဟင်?" စုပေ သူမဖုန်းထဲက screenshot ပုံတစ်ပုံကိုဖွင့်ပြီး Mr.ချင့်ကိုပြလိုက်တယ်။

Mr.ချင်က တစ်ချက်ကြည့်လိုက်ရင်း "ကောင်းပြီ"

စုပေတင်မကဘဲ စုရှောင်ပေါင်ကပါ Mr.ချင့်ထံ 'ကြုံ‌တောင့်ကြုံခဲ' စိတ်အားထက်သန်မှုတစ်ခုကို ထုတ်ပြလာခဲ့တယ်။ ကောင်လေးက သူ့ဖုန်းထဲကနေ ဧရာမ model ပုံတစ်ပုံကိုထုတ်ပြီး Mr.ချင့်ကိုပြလိုက်တယ်။ "အဖေ ဒါကိုဘယ်လိုထင်လဲ?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now