Chapter 62

11.1K 1.8K 84
                                    

MWFV Ch 62

The Truth is Exposed

Zawgyi Version

လီဟုန်ဟောက်ဆိုသူက လက်ဝတ်ရတနာလုပ်ငန်းကို အဓိကထားလုပ်ကိုင်တဲ့ အလတ်စားကုမ္ပဏီပိုင်ရှင် တစ်ဦးဖြစ်တယ်။ သူ့ကုမ္ပဏီက နိုင်ငံရပ်ခြားကို ချဲ့ထွင်လာခဲ့တာ နှစ်ပေါင်းဆယ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်တယ်။ မကြာသေးခင်ကမှ, နိုင်ငံတကာဈေးကွက်ရှိ ပြောင်းလဲမှုများ၏ ရိုက်ခတ်မှုကြောင့် လီဟုန်ဟောက်တစ်ယောက် ပြည်တွင်းဈေးကွက်ကို ပြန်လည်အာရုံစိုက်လာခဲ့တယ်။

သူ့လုပ်ငန်းက မသေးဘူးဆိုသော်ငြား ကုမ္ပဏီအကြီးကြီးတွေနဲ့ ပြည့်နှက်နေတဲ့ B မြို့မှာတော့ ဒီဟာက ဘာမှမဟုတ်လေဘူး။ ဒါကြောင့်, ချင် Group ၏ဥက္ကဌဖြစ်သူ နာမည်ကြီး Mr.ချင်က သူနဲ့တွေ့ဆုံချင်တဲ့အကြောင်း လီဟုန်ဟောက်ကြားသိလိုက်ရချိန်မှာ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက မယုံကြည်နိုင်လောက်အောင် အလွန်အံ့အားသင့်သွားခဲ့ရတာပဲဖြစ်တယ်။

ချင် Group ပိုင် အဆင့်မြင့်ကလပ်သို့ လီဟုန်ဟောက်ရောက်ရှိလာပြီး Mr.ချင်နဲ့ မျက်နှာချင်းဆိုင် မတွေ့ရသေးခင်အချိန်အထိ မယုံကြည်နိုင်‌သေးသလို သူခံစားနေရဆဲဖြစ်တယ်။

"မင်္ဂလာပါ, Mr.ချင်, ကျွန်တော်က ယွမ်ထိုက် Jewelry ရဲ့ဥက္ကဌ, လီဟုန်ဟောက်ပါ" လီဟုန်ဟောက်က သူ့ကိုယ်သူ အရင်ဆုံးမိတ်ဆက်လိုက်တယ်။ စီးပွားရေးလောကရဲ့ တကယ့်နာမည်ကြီးတစ်ယောက်နဲ့ တွေ့ဆုံရချိန်မှာ ဧရာမဖိအားတွေကို သူခံစားခဲ့ရပြီး မသိလိုက်မသိဘာသာနဲ့ပဲ သူ့ခေါင်းကိုငုံထားလိုက်မိတယ်။

"မင်္ဂလာပါ, ကျွန်တော် ချင်ရှောက်ပါ"

"ဒီနေ့ ကျွန်တော် တကယ်တော့ Mr.လီကို ဖခင်တစ်ယောက်အနေနဲ့ တွေ့ဆုံချင်တာပါ," Mr.ချင်က ပွင့်ပွင့်လင်းလင်း ပြောချလိုက်တယ်။

လီဟုန်ဟောက်တစ်ယောက် နားမလည်သလို အမူအရာမျိုးနဲ့ အံ့အားသင့်သွားခဲ့တယ်။

"ကျွန်တော့်ကလေးနှစ်ယောက်က ဝေ့မင်အလယ်တန်းကျောင်းမှာ ရှစ်တန်းတက်နေကြတာလေ" ချင်ရှောက်က အားကစားပွဲတော်မှ ဖြစ်ရပ်အကြောင်း အကျဉ်းချုံးရှင်းပြလိုက်တဲ့အပြင် သူ့စုံစမ်းစစ်ဆေးမှုရဲ့ရလဒ်ကိုပါ တစ်ပါတည်း ဆွေးနွေးလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now