Chapter 43

11.9K 1.8K 31
                                    


MWFV Ch 43

Praised

Zawgyi Version

သူ့ idol တစ်ယောက်လည်းဖြစ်၊ သူ့စိတ်ထဲမှာ နတ်ဘုရား Q ပြီးရင် ဒုတိယမြောက်နေရာမှာရှိနေတဲ့သူ၊ နောက်ပြီး စက္ကန့်ပိုင်းလောက်လေးကတင် သူ့ဖက်ကနေ rainbow farts တွေ လွှတ်ထုတ်ပေးခဲ့တဲ့သူက တကယ်တမ်းကျတော့ ဘေးအခန်းက သူ့အစ်ကိုကြီးဖြစ်နေပါရောလား။

ဒီရင်းနှီးနေတဲ့လေသံနဲ့ ဆဲဆိုသံတွေက သူ့အစ်ကိုကြီးကလွဲလို့ တစ်ခြားဘယ်သူများဖြစ်နိုင်အုန်းမှာလဲ?

ရှုယန်ယန် : "အစ်ကို, အစ်ကိုကြီး?"

[vvvv] : "ငါ့ကိုအဲလိုမခေါ်နဲ့, မင်းလိုငတုံးကောင်ကို ငါမသိဘူး"

သူတို့ ဂိမ်းဆော့နေကြတုန်းသာ မဟုတ်ဘူးဆိုရင် သူ ဘေးခန်းကို အပြေးအလွှားသွားပြီးတော့ ဒီညီငတုံးကောင်ကို ရိုက်ပစ်လိုက်တော့မှာ!

ရှုယန်ယန် : တကယ် သူ့အစ်ကိုကြီးပဲ။

"ပြိုင်ဘက်တွေက ဆရာကြီးတွေပါလို့ ငါပြောထားတယ်လေ, အဲဒါကို လူတတ်ကြီးလာလုပ်နေရလား။ ငါတို့ရှုံးသွားလို့ကတော့ ငါမင်းကို ရှင်းပစ်မှာကိုသာ စောင့်နေလိုက်တော့!" [vvvv] က လေသံနက်ကြီးဖြင့် ခြိမ်းခြောက်တော့တယ်။

ရှုယန်ယန်က ဖိန့်ဖိန့်တုန်သွားပြီး ကြောက်ကြောက်လန့်လန့်နဲ့ မေးလိုက်တယ် : "ဒါဆို ကျွန်တော်က ဘာလုပ်ရမှာလဲလို့?"

"လုံခြုံရေးအကာအရံကို ငါ့ဘာသာငါ ဂရုစိုက်လိုက်မယ်။ လာတိုက်တဲ့သူတွေကိုလည်း ငါတစ်ယောက်တည်း ထိန်းချုပ်လို့ရတယ်။ မင်းလာမရှုပ်နဲ့။ ကောင်းကောင်းစောင့်ကြည့်ထား, သူတို့အလစ်ဝင်မတိုက်စေနဲ့" ထို့နောက် [vvvv] က နောက်တစ်ကြိမ် သူ့မော်နီတာပေါ်မှာ အာရုံစိုက်ကာ လုံခြုံရေးအကာအရံ တည်ဆောက်မှု အရှိန်နှုန်းကို မြှင့်တင်လိုက်တယ်။ ကံကောင်းထောက်မစွာနဲ့ ပြိုင်ဘက်တွေအတွက် ရိုးရှင်းစွာ သူပြင်ဆင်ထားခဲ့တဲ့ ထောင်ချောက်ကို ရှုယန်ယန်က ထိရုံလေးထိလိုက်တာဖြစ်ပြီး အကာအရံရဲ့အဓိကကုဒ်ကို တိုက်ရိုက် မသက်ရောက်စေခဲ့ဘူး။

[vvvv] က စုပေကို မေးလိုက်ပြန်တယ် : "ဘေဘီ Q လေး, အဲ့မှာအခြေအနေဘယ်လိုရှိလဲ?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now