Chapter 22

13.5K 1.9K 29
                                    

MWFV Ch 22

Dad’s Birthday is April 7th

Zawgyi Version

Mr.ချင်က အဲဒီညမှာ အတော်လေးဉာဥ့်နက်မှ အိမ်ပြန်လာပြီး စာကြည့်ခန်းထဲသို့ ချက်ချင်းဝင်သွားခဲ့တယ်။

တံခါးနားကခြေသံဖွဖွလေးက သူ့အာရုံကိုဖမ်းစားသွားခဲ့တယ်။ ချင်ရှောက်က သူ့ဖောင်တိန်ကိုချလိုက်ပြီး တံခါးဆီသို့မော့ကြည့်လိုက်တယ်။ သေချာတာပေါ့, သိပ်မကြာခင်မှာ ခေါင်းသေးသေးလေးတစ်လုံးက တံခါးအဟကြားကနေ ချောင်းကြည့်နေတာကို မြင်လိုက်ရတယ်။

စုပေရဲ့ခန္ဓာကိုယ်က တံခါးနောက်မှာဖုံးကွယ်နေဆဲပဲဖြစ်တယ်။ မိန်းကလေးက သူမခေါင်းလေးကိုဆန့်ထုတ်ပြီး အတွင်းဖက်သို့စောင်းထားကာ တောက်ပတဲ့မျက်လုံးတစ်စုံက စိတ်ဝင်တစားနဲ့ အထဲသို့ ချောင်းကြည့်နေလေတယ်။ ချင်ရှောက်ရဲ့အစကတင်းမာနေတဲ့အမူအရာက ရုတ်ချည်းပျော့ပြောင်းသွားခဲ့တယ်။

“ရှောင်ပေ?”

တံခါးနားမှစုပေ : “!”

သူမ ခုနလေးတင် အောက်ထပ်ကနေ ကားသံကိုကြားလိုက်ရတယ်။ ချင်ရှောက်ပြန်လာတာလားဆိုတာကို သိချင်တာကြောင့် စုပေက တစ်ချက်လောက် လာချောင်းကြည့်လိုက်တာဖြစ်ပေမယ့် သူ့ကို တကယ်ကြီး အခန်းထဲမှာ ရှာတွေ့သွားလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး။ ချင်ရှောက်ကို နှစ်စက္ကန့်လောက် စိုက်ကြည့်အပြီးမှာတော့ စုပေက သူမအကြည့်တွေကို ရုတ်သိမ်းလိုက်ကာ ညင်ညင်သာသာလေး ခေါ်လိုက်တယ်, “ဖေဖေ”

မိန်းကလေးရဲ့မဝံ့မရဲအသံလေးက ချင်ရှောက်ရဲ့နှလုံးသားတွေကို နူးညံ့ပျော့ပြောင်းသွားစေခဲ့တယ်။ သူ့အမူအရာက အတော်ကြီးညင်သာနူးညံ့သွားခဲ့တယ်။ “ဝင်ခဲ့လေ” လို့ သူပြောလိုက်တယ်။

ခွင့်ပြုချက်ရပြီးနောက် စုပေက သူမလက်ထဲမှာ နွားနို့တစ်ခွက်ကိုကိုင်ထားရင်း စာကြည့်ခန်းထဲသို့ ဝင်လာခဲ့တယ်။ သူမက ချင်ရှောက်ဆီသို့လျှောက်လာခဲ့ပြီး ဖန်ခွက်ကို သူ့ဘယ်ဘက်လက်နားမှာ ထားလိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now