Chapter 85

10.3K 1.8K 70
                                    

MWFV Ch 85

Thank You, Dad

Zawgyi Version

စုပေနှင့် စုရှောင်ပေါင်တို့ သန့်ရှင်းရေးလုပ်ရန်နှင့် သူတို့၏နှစ်သစ်ကူးအဝတ်အစားများအားဝတ်ဆင်ရန်အတွက် ၎င်းတို့အခန်းဆီသို့ အလျင်အမြန် ပြန်သွားခဲ့ကြတယ်။ သူ ခရီးမသွားခင် ဦးလေးဖုက အမွှာနှစ်‌ယောက်အတွက် အဝတ်အစားနှစ်စုံ ပြင်ဆင်ပေးထားခဲ့တယ်။ ၎င်းတို့ကို သီးသန့်ဒီဇိုင်းဆွဲထားတာဖြစ်ပြီး အစုံလိုက်တွဲဖက်ပေးထားတာဖြစ်တယ်။

စုရှောင်ပေါင်က အနီရောင်ဆွယ်တာကို ဝတ်ဆင်ထားပြီး စုပေက အနီရောင်ဂါဝန်ရှည်ကို ၀တ်ဆင်ထားခဲ့တယ်။ သို့ပေသိ သူတို့မှာ တူညီတဲ့အဆင်နဲ့ အရောင်စတိုင်လ်‌တွေရှိကြတယ်။ ဒါ့အပြင် ၎င်းတို့အဝတ်တွေပေါ်မှာ တံဆိပ်အသေးလေးတစ်ခုကိုပါ ဝတ်ဆင်ထားခဲ့တယ်။ တံဆိပ်တွေကို စုပေက ကြိုတင် စိတ်ကြိုက်အော်ဒါမှာထားတာဖြစ်ပြီး 'အကောင်းဆုံးမောင်လေး' နှင့် 'အကောင်းဆုံးအစ်မကြီး' ဟူသော စကားလုံးများကို အသီးသီးရိုက်နှိပ်စေခဲ့တာဖြစ်တယ်။

Mr.ချင် အမွှာနှစ်ယောက်အား ၎င်းတို့၏နှစ်သစ်ကူးအဝတ်အစားများဖြင့် မြင်တွေ့လိုက်ရချိန်မှာ သူ့မျက်ဝန်းတွေ တောက်ပသွားပြီး သူ့နှလုံးသားထဲမှာ ရုတ်တရက် ပီတိအဟုန်တစ်ခု တိုးထွက်လာခဲ့‌တယ် : သူ့ကလေးတွေက ဘာပဲဝတ်ဝတ် ကြည့်အကောင်းဆုံးပဲ။

"ဖေဖေ, ဘယ်လိုလဲ? သမီးတို့ ဒီအဝတ်အစားတွေနဲ့ဆိုတော့ ပွဲတော်ပုံပေါက်မသွားဘူးလား?" စုပေက အပြုံးလေးတစ်ပွင့်နဲ့ မေးလိုက်တယ်။

"မဆိုးပါဘူး"

မောင်နှမနှစ်ယောက်ထင်လိုက်တာက ဒီအဝတ်အစားတွေကို ဦးလေးဖု ပြင်ဆင်ပေးထားတာလို့ပဲ, သို့ပေမဲ့ တကယ်တမ်းကျတော့ Mr.ချင်က ကိုယ်တိုင်ကိုယ်ကျ အမိန့်ပေးခိုင်းစေသူတစ်ဦးဖြစ်ကာ ဒီဇိုင်နာအဖွဲ့မှ တင်ပြလာတဲ့ အခြားသောဒီဇိုင်းများစွာထဲမှ ရွေးချယ်ထားခြင်းဖြစ်တယ်ဆိုတာကိုတော့ မသိခဲ့ကြဘူး။

စုပေ : "သမီးတို့က လပ်ကီးဘေဘီနဲ့တူလား?"

ချင်ရှောက် : အင်း။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now