Chapter 46.2

11.1K 1.6K 22
                                    


MWFV Ch 46 (Part II)

Exam Results Are Out!

Zawgyi Version

“ငါ...” စုန့်ရှင်းယီတစ်ယောက် စုပေရဲ့စကားတွေကြောင့် ပြန်ပြောစရာစကားမရှိ ဖြစ်သွားခဲ့ရတော့တယ်။ သူမရဲ့သနားစရာပုံစံလေးက ဘေးမှဝိုင်းကြည့်နေကြသူများ၏ ကရုဏာစိတ်လေးတွေကို အလွယ်တကူ နှိုးဆွပေးနေခဲ့တယ်။ ‘ကျောင်းအလှပန်းလေး vs ကျောင်းအလှပန်းလေး’ တို့ရဲ့အဖြစ်အပျက်က ဖိုရမ်ထဲမှာ မြန်မြန်ဆန်ဆန်ကြီးကို ပေါက်ကွဲထွက်သွားခဲ့တယ်။ တကယ်လို့များ တစ်စုံတစ်ယောက်က အကျိုးအကြောင်း သေချာမသိဘဲနဲ့ ဓာတ်ပုံကိုကြည့်လိုက်မိမယ်ဆိုရင်တော့ သူတို့အနေနဲ့ စုပေက စုန့်ရှင်းယီကို အနိုင်ကျင့်နေတယ်လို့ ထင်သွားနိုင်စရာရှိတယ်။

[စုပေက ကြည့်တော့သာ နူးညံ့သိမ်မွေ့တဲ့ပုံလေးနဲ့ တကယ်တမ်းကျတော့ သူက အရမ်းရက်စက်တတ်လိမ့်မယ်လို့ လုံးဝထင်မထားမိခဲ့ဘူး]

[အဲဒါဘာဖြစ်လို့လည်းဆိုတော့ စုပေက အရင်တစ်ခေါက်တုန်းက ကျန်းမုန့်မုန့်နဲ့သူ့အဖွဲ့ကို ဘယ်လိုတွယ်လိုက်လဲဆိုတာ နင်မသိလိုက်လို့ပေါ့]

[အာ, ဒါပေမယ့် စုပေရဲ့ငြင်းချက်တွေကလည်း ကျိုးကြောင်းဆီလျော်နေတာပဲကို။ သူ့အမှတ်က သူတို့စာမေးပွဲခန်းထဲမှာ အများဆုံးဖြစ်ရုံတင်မကပဲ တစ်ကျောင်းလုံးမှာလည်း အမှတ်အမြင့်ဆုံးပဲလေ။ တစ်ခြားသူတွေရဲ့အဖြေကို သူကူးချခဲ့တယ်ဆိုရင် အဲဒါဘယ်သူ့စီကတဲ့လဲ?]

[ဟားဟားဟား, ငါတို့ရဲ့အနွေးဘူးညီမလေးကတော့ အရမ်းကိုအင်အားကြီးနေတာပါလား]

[ကြည့်ရတာ အပေါ်ကမှတ်ချက်ပေးထားတာတွေက စုန့်ရှင်းယီရဲ့ fan တွေဖြစ်ပုံရတယ်။ အရင်တုန်းကတော့ စုပေက သူတို့ရဲ့နတ်ဘုရားမလေးလောက် မတော်ဘူးလို့ အမြဲတမ်း ပြောနေကြတာမဟုတ်ဘူးလား? ဒီတိုင်း ငါမေးကြည့်လိုက်ပါအုန်းမယ်, အခုရော နင်တို့မျက်နှာတွေ နာသွားကြရဲ့လား?]

-----

စုန့်ရှင်းယီကို ဝန်းရံကြသူတစ်ချို့ကတော့ တိုက်ခိုက်ရန်ကြိုးစားနေကြဆဲပင် : [စုပေက စာမေးပွဲကို ကောင်းကောင်းဖြေနိုင်တယ်ဆိုရင်တောင်မှ စုန့်ရှင်းယီကို ဒီလိုအနိုင်ကျင့်နေစရာအကြောင်းမှမရှိတာ]

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Nơi câu chuyện tồn tại. Hãy khám phá bây giờ