Chapter 39

12.7K 1.8K 38
                                    

MWFV Ch 39

Admitting Mistake

Zawgyi Version

[vvvv] : ဘာတွေလဲ? မင်းဘာတွေမှားသောက်မိတာလဲ?

[vvvv] : ဘေဘီ, မင်းဘာတွေဖြစ်နေတာလဲ?

[vvvv] : ကျေးဇူးပြုပြီးတော့ ဖုန်းမချလိုက်ပါနဲ့နော်!

[vvvv] : မင်း ငါ့ message ကိုရောမြင်ရဲ့လား? မင်းမြင်တယ်ဆိုရင် မြင်မြင်ချင်း reply ပြန်ပေးပါကွာ!

[vvvv] : မင်းရှိနေသေးလား?

[vvvv] : ဖာ့ခ်! ငါ့ကိုမခြောက်နဲ့နော်!

[vvvv] : မြန်မြန်လေး reply ပြန်ပေး!

...

[vvvv] : မင်းရှိနေလား?

[vvvv] : ကျေးဇူးပြုပြီး reply ပြန်ပေးပါလို့!

-----

စုပေရဲ့ဖုန်းထဲမှာ တုန့်ဝိန်ချီက WeChat ကနေတဆင့် ပေးပို့လာခဲ့တဲ့ နာမည်ကြီးအတင်းအဖျင်းနှစ်ခုမှလွဲ၍ ကျန် message ပေါင်း ၁၆၀ စလုံးက [vvvv] မှပေးပို့ထားခဲ့ခြင်းဖြစ်တယ်။ မနေ့ညက စုပေ သူ့ကိုပေးပို့ခဲ့တဲ့ နောက်ဆုံး message နှင့် မိနစ်အနည်းငယ်အကြာမှာပဲ [vvvv] က သူမထံ မိနစ်အနည်းငယ်စီတိုင်းမှာ message တစ်စောင်နီးပါး ပေးပို့ထားခဲ့တာဖြစ်တယ်။

စုပေက [vvvv] ထံ သူမ၏ 'Red Hacker Challenge' account ကိုသုံးပြီး မြန်မြန်ဆန်ဆန်ပဲ message တစ်စောင်ပို့လိုက်တယ်။

[Q] : ငါဒီမှာရှိတယ်, ငါအဆင်ပြေပါတယ်။

စုပေက message ပို့ပြီးပြီးချင်းပဲ တစ်ဖက်လူက စက္ကန့်အနည်းငယ်သာကြာပြီးနောက် ချက်ချင်း reply ပြန်လာခဲ့တာက : [vvvv : ဖာ့ခ်! မင်းနောက်ဆုံးတော့ reply ပြန်ပြီပေါ့! ငလူး လန့်သေတော့မှာပဲကွာ]

ဖုန်းမျက်နှာပြင်ကနေတောင်မှ စုပေက [vvvv] ရဲ့ပြင်းထန်တဲ့စိုးရိမ်ပူပန်မှုတွေကို ခံစားမိခဲ့ကာ မတတ်သာပေမယ့်လည်း နည်းနည်းတော့ စိတ်လှုပ်ရှားသွားခဲ့ရတယ်။

[vvvv] : မင်းနေကောင်းရဲ့လား? အဆင်ပြေရဲ့လား? ဘာဖြစ်သွားသေးလဲ?

[Q] : ငါနေလို့ကောင်းသွားပါပြီ။ မနေ့ညတုန်းက ငါဖုန်းကို မတော်တဆ အသံပိတ်ထားမိလိုက်လို့ အဲဒါကြောင့် မင်း message တွေကို မမြင်လိုက်မိတာ။ မင်းစိတ်ပူအောင်လုပ်မိတဲ့အတွက် ငါတောင်းပန်ပါတယ်နော်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now