Chapter 25

13.4K 1.9K 54
                                    

MWFV Ch 25

Going To The School

Zawgyi Version

လက်ထောက်လီ ဆိုတာက ချန်တဲ့မှ Mr.ချင်အတွက် အထူးသီးသန့်စီစဉ်ပေးထားတဲ့ ဒေသခံလက်ထောက်တစ်ယောက်ဖြစ်တယ်။ Mr.ချင်နှင့်သူ့အဖွဲ့တွေက ဟုန်ရှင်းခရိုင်သို့ရောက်ရှိလာချိန်မှာ လက်ထောက်လီက စောင့်နေခဲ့တာ တော်တော်တောင်ကြာပြီ။

ကားမှန်ပြတင်းပေါက်ကိုချလိုက်တော့ သူမက ကားထဲမှယောက်ျားတစ်ယောက်ကို မြင်လိုက်ရတယ်။ လက်ထောက်လီရဲ့ ဝင်သက်ထွက်သက်တွေက ခဏလောက်ရပ်တန့်သွားခဲ့ရတယ်။ သူမ နှလုံးတွေကလည်း အနည်းငယ်မြန်ဆန်စွာ ခုန်ပေါက်နေခဲ့တယ်။ သူမ လုံးဝထင်မထားမိခဲ့တာက တကယ့် Mr.ချင် အစစ်က သူ့ဓာတ်ပုံတွေထဲကထက်တောင် ပိုမိုချောမောခန့်ညားနေတဲ့အပြင် သူ့အရှိန်အဝါကလည်း အရမ်းကို လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

Mr.ချန်က သူမကိုပြောပြထားတာက Mr.ချင်က ဒီနေရာကို သူ့ကလေးနှစ်ယောက်ရဲ့ ကျောင်းပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်အတွက် ရောက်ရှိလာခဲ့တယ်ဆိုတာပဲ။

Mr.ချင်ဆီမှာ တကယ်ကြီး ကလေးတွေရှိတာပေါ့...

လက်ထောက်တစ်ယောက်ဖြစ်တဲ့အားလျှော်စွာ သူမသူဌေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ အရမ်းကြီး ဝင်ရောက်မစွက်ဖက်လိုသော်ငြား ဒီအချက်ကတော့ လက်ထောက်လီကို နည်းနည်းလေးတော့ မသက်မသာဖြစ်စေခဲ့တယ်။

ချင်ရှောက်က လက်ထောက်လီကို တစ်ချက်ကြည့်လိုက်တယ်, သူ့မျက်လုံးတွေထဲမှာ နွေးထွေးမှုတစိုးတစိမျှ ရှိမနေလေဘူး။

"လက်ထောက်လီ?"

နာမည်ကို ရုတ်တရက်အခေါ်ခံလိုက်ရတဲ့ လက်ထောက်လေးခမျာ သူမ စောနကတွေးနေမိတဲ့အတွေးစတွေကို အဝေးမပို့လိုက်မိခင်လေးမှာပဲ အနည်းငယ်ကြောင်အနေပြီးမှ ပြန်ဖြေလိုက်တော့တယ် : "ဟုတ်ကဲ့။ မင်္ဂလာပါ Mr.ချင်, ကျွန်မနာမည်က လီယဲ့ ပါ"

ချင်ရှောက်က အသာခေါင်းငြိမ့်ပြလိုက်ပြီး : "အားလုံးစီစဉ်ထားပြီးပြီလား?"

"ဟုတ်ကဲ့ပါ, Mr.ချင်။ Mr.ချင် မရောက်လာခင်ကတည်းက အားလုံးစီစဉ်ထားပြီးပါပြီ" ခဏကြာတော့မှ သူမက မေးလိုက်တယ် : "ဒါနဲ့စကားမစပ်, ဆရာရှင့်။ ဆရာတို့တည်းခိုဖို့အခန်းကိုလည်း ကျွန်မစီစဉ်ထားပါတယ်။ ဆရာတို့ အရင်ဆုံး ဟိုတယ်မှာအနားယူချင်ပါသလား?"

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now