Chapter 36

12.5K 1.9K 174
                                    

MWFV Ch 36

I'm Her Dad

Zawgyi Version

[vvvv] က များသောအားဖြင့် သူရဲ့ချစ်လှစွာသောရဲဘော်ရဲဘက်လေးကို ဒီလိုညကြီးအချိန်မတော် နှောင့်ယှက်တာမျိုး တစ်ခါမှမလုပ်ခဲ့ပေ။ သို့ပေမယ့် သူက အရမ်းအရမ်းကိုမိုက်တဲ့ လုံခြုံရေးကုဒ်တစ်ခုကို ရေးနေရင်းတန်းလန်းမှာ error တက်သွားခဲ့တယ်။ နည်းလမ်းပေါင်းစုံအသုံးပြုပြီးနောက် သူ အဲဒီ error ကို ပြန်မပြင်နိုင်တာကြောင့် ရွေးချယ်စရာမရှိတော့ပဲ [Q] ကို အကူအညီတောင်းရခြင်းဖြစ်တယ်။

[vvvv] က စုပေထံ တကယ့် voice call အစစ်ခေါ်ဖို့ အခွင့်အရေးမရလိုက်ခင်မှာပဲ သူ့ကိုယ်ပိုင်ဖုန်းက မြည်လာခဲ့တယ်။ ခေါ်ဆိုသူ ID ကိုကြည့်လိုက်တော့ : [ငါ့ရဲ့သွေးသောက်လေး ဘေဘီ Q] ဖြစ်နေတာကြောင့် သူ့မျက်လုံးတွေ တောက်ပသွားခဲ့တယ် : အိုး, ငါ့ညီအစ်ကို Q ကအရမ်းကောင်းတာပဲ, သူ့ဖက်ကအရင် ဖုန်းခေါ်ပေးလာတယ်ပေါ့။

[vvvv] က စိတ်လှုပ်ရှားစွာဖြင့် ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ပြီး 'ဟဲလို' ဆိုတဲ့စကားလေးတစ်လုံးတောင် ပြောချိန်မရသေးခင်မှာပဲ အခြားတစ်ဖက်မှအသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။

ချင်ရှောက် : "မင်းကဘယ်သူလဲ?"

ဖုန်းကိုင်ထားရင်းနဲ့ [vvvv] က ထိတ်လန့်သွားခဲ့တယ်, အရမ်းလည်းအံ့သြသွားခဲ့တယ်။

[vvvv] : Nani? [T/N : Nani means 'What' in Japanese]

ဒါကြီးက သူမျှော်လင့်ထားခဲ့တာနဲ့ ဘယ်လောက်တောင်ကွာခြားလိုက်သလဲ?

[vvvv] ရဲ့စိတ်ထဲမှာတော့ [Q] ဆိုတာက လူတွေနဲ့ဆက်ဆံရမှာကြောက်တဲ့ ရိုးရိုးသာမန် otaku ကောင်လေး တစ်ယောက်ပဲလို့ သူအမြဲတမ်းထင်မှတ်ထားခဲ့ပေမယ့် ဖုန်းထဲကနေ တိုးညှင်း၊ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ အသံမျိုးထွက်လာလိမ့်မယ်လို့တော့ လုံးဝမျှော်လင့်မထားခဲ့မိဘူး။ သူလက်မခံချင်သော်ငြား တစ်ဖက်လူရဲ့ အသံက တကယ်ကြီးကို သူ့ထက် အများကြီးပိုပြီးဆွဲဆောင်မှုရှိနေခဲ့တယ်။ သို့ပေမယ့် ဒီအသံက အနည်းငယ် အေးစက်နေခဲ့တယ်-ဖုန်းထဲကနေတောင်မှ [vvvv] က တဖြည်းဖြည်းချင်း သူ့နောက်ကျောတွေ တောင့်ခဲလာတာကို ခံစားမိခဲ့တယ် : ကြောက်စရာကြီး, သားသားကြောက်ကြောက်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now