Chapter 18

13.5K 1.9K 85
                                    

MWFV Ch 18

Mr. Qin is Back

Zawgyi Version

ဝေ့မင်အလယ်တန်းကျောင်းရဲ့ 'ကျောင်းအလှပန်းလေးကိုမဲပေးကြစို့' ဆိုတဲ့ voting အစီအစဉ်က လက်ကျန်အချိန်နှစ်ရက်သို့ ရောက်ရှိလာခဲ့တယ်။ စုပေရဲ့ vote တွေက သူတို့ရဲ့နတ်ဘုရားမလေးနဲ့ တဖြည်းဖြည်းနီးကပ်လာတာကြောင့် စုန့်ရှင်းယီရဲ့ follower တွေက နောက်ဆုံးတော့ ထိုင်မနေနိုင်ကြတော့ပဲ ကျောင်းဖိုရမ်ထဲမှာ စုပေကို စတင်ဖိအားပေးလာကြတော့တယ်။

[စုပေက ဘယ်လိုဖျော်ဖြေတင်ဆက်မှုမျိုးကို လုပ်ပြမှာလဲ? 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' ဆိုတာ ဘာမှန်းတောင် မသိတဲ့လူတစ်ယောက်ကို လုပ်ခိုင်းရမှာကြီးကတော့ ရယ်စရာကောင်းမနေဘူးလား?]

[ကျေးဇူးပြုပြီး စုပေရဲ့ 'ထိပ်တန်း' အကစွမ်းရည်ကို ကြည့်ရှုခံစားပေးကြပါ] - ဒီ comment က အတန်း ၈-၇ ရဲ့ အကလေ့ကျင့်တဲ့ studio ထဲမှာ ရိုက်ကူးထားတဲ့ဗီဒီယိုတစ်ခုနှင့်အတူ ဖော်ပြထားတာဖြစ်တယ်။ အဲဒီဗီဒီယိုထဲမှာ လတ်တလောကမှ အဖွဲ့ထဲသို့ဝင်ရောက်လာတဲ့ စုပေက သူမအတန်းဖော်တွေဆီကနေ ဘယ်လိုလေ့ကျင့်သင်ကြားပေးမှုတွေ ခံယူနေရသလဲဆိုတာကို ရှင်းရှင်းလင်းလင်းရိုက်ပြထားတာဖြစ်တယ်။

[စုပေက 'အဖွင့်ဖျော်ဖြေတင်ဆက်မှု' လုပ်ဖို့ အရည်အချင်းမပြည့်မီဘူး။ အကယ်၍များ သူမက စုန့်ရှင်းယီထက် vote ပိုများသွားရင်တောင်မှ ငါတို့ကျောင်းရဲ့ဂုဏ်သိက္ခာအတွက် စုပေအနေနဲ့ သူမဘက်ကစပြီး လက်လျော့သွားဖို့ကိုတော့ ငါမျှော်လင့်နေမိသေးတယ်]

တစ်ချို့က စုပေရဲ့အရည်အချင်းကို မေးခွန်းထုတ်နေကြချိန်မှာ တစ်ချို့ကတော့ သူတို့ရဲ့စိတ်ခံစားချက်ကဒ် တွေကို ချပြနေခဲ့ကြတယ် :

[စုန့်ရှင်းယီက ငါတို့နဲ့သင်ကြားလာတာ နှစ်နှစ်နီးပါးတောင်ရှိနေပြီ။ စုပေက ဒီကိုပြောင်းလာတာ နှစ်ပါတ်လောက်ပဲရှိပြီးတော့ ကတိုက်ကရိုက်လည်းဖြစ်သေးတယ်။ ငါလည်း စုန့်ရှင်းယီကိုပဲ vote ပေးချင်တယ်]

ဒါ့အပြင် စုပေက ဘာကြောင့်စုန့်ရှင်းယီလောက်မတော်ရတာလဲဆိုတဲ့ အကြောင်းပြချက်ခြောက်ချက်ရှိတယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now