Chapter 12

12.8K 1.9K 40
                                    

MWFV Ch 12

Entrance Test Result

Zawgyi Version



စာမေးပွဲကို ကြီးကြပ်ရေးမှုးရုံးခန်းဘေးမှာရှိတဲ့ ကျောင်းဓာတ်ခွဲခန်းထဲမှာ ဖြေဆိုကြရမှာဖြစ်တယ်။

မဖြေဆိုခင်မှာ စုပေက ဆယ်ကျော်သက်လေးတစ်ယောက် တံခါးနားမှာပေါ်လာတာကို တွေ့လိုက်ရတယ်။ သူကအရပ်အရမ်းရှည်တယ် ဆိုပေမယ့် အလွန်တရာရှည်နေပြီးသားဖြစ်တဲ့ စုရှောင်ပေါင်ထက်တော့ ခေါင်းတစ်ဝက်စာလောက် နိမ့်နေသေးတယ်။ သူက ကျောင်းဝတ်စုံကို တစ်ဝက်လောက်ပဲဝတ်ထားခဲ့တယ်။ သူရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး လက်နှစ်ဖက်စလုံးကိုတော့ ကျောင်းဘောင်းဘီရှည်ရဲ့အိပ်ကပ်ထဲကို ထည့်ထားတယ်။ ပျင်းရိလေးတွဲစွာနဲ့လျှောက်လှမ်းလာတဲ့ သူ့ပုံစံက မသပ်မရပ်ဖြစ်လွန်းလှတယ်။

ဒီကောင်လေးပုံစံက စုပေကို နယ်မြို့လေးမှာရှိတဲ့ သူတို့ရဲ့ကျောင်းဟောင်းကြီးက ပြဿနာကောင်တွေကိုတောင် သတိရသွားစေခဲ့တယ်။ မတူတာလေးတစ်ခုကတော့ သူမရှေ့ကဒီကောင်လေးက ပြဿနာကောင်တွေထက် အများကြီးကြည့်ကောင်းတာပဲဖြစ်တယ်။ ဒါ့အပြင် သူတို့အဖေကလွဲလို့ စုပေမြင်ဖူးသမျှလူတွေအားလုံးထဲမှာ စုရှောင်ပေါင်ပြီးရင် ဒီကောင်လေးက ဒုတိယကြည့်အကောင်းဆုံး ပဲဖြစ်တယ်။

ကြီးကြပ်ရေးမှုးကလည်း ဝင်လာတဲ့ဆယ်ကျော်သက်လေးကို သတိထားမိသွားတယ် : "ရှဲ့မင်ရွှမ်း မင်းရောက်လာပြီလား"

"ဟုတ်ကဲ့...ကျွန်တော့်ကိုဘာလို့ခေါ်တာလဲ?" ရှဲ့မင်ရွှမ်း ဆိုတဲ့ကောင်လေးက ပျင်းရိစွာတုံ့ပြန်တယ်။ သူ့စကားလုံး တစ်လုံးနဲ့တစ်လုံးကြားမှာလည်း သန်းဝေမှုကို ဖုံးကွယ်ရင်းပြောနေရပုံပေါ်တယ်။ သူက အခန်းထဲက တစ်ခြားလူသုံးယောက်ကို ဖြည်းဖြည်းချင်းကြည့်လိုက်တယ်။ ပထမဆုံး သူက အနောက်တိုင်းဝတ်စုံဝတ်ထားတဲ့ ချန်တဲ့ကို မြင်လိုက်တယ်။ ကောင်းပြီလေ သူ့ကိုကြည့်ရတာ နည်းနည်းတော့ ရင်းနှီးနေသလိုလိုပဲ။

နောက်ပြီး သူကစုပေကို ကြည့်လိုက်တယ်...ငါးစက္ကန့်လောက်တောင် မကြာလိုက်ပဲ စုပေကိုကြည့်နေတဲ့ သူ့အကြည့်တွေက ခြိမ်းခြောက်သလိုအကြည့်တစ်ခုကြောင့် နှောက်ယှက်ခံလိုက်ရတော့တယ်။ ရှဲ့မင်ရွှမ်း မျက်လုံးတွေက စုပေဘေးနားက စုရှောင်ပေါင်ရဲ့မျက်လုံးတွေနဲ့ ရင်ဆိုင်လိုက်ရတော့တယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက် ကြည့်နေချိန် သူတို့ကြားမှာ သတိပေးခြင်းနှင့် တိုက်ခိုက်လိုခြင်း အရိပ်အယောင်တွေက ပေါက်ဖွားလို့လာတယ်။ တစ်ယောက်မှ အလျှော့ပေးလိုတဲ့ဆန္ဒ မရှိကြဘူးဖြစ်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now