Chapter 2.2

11.8K 1.8K 9
                                    

MWFV Ch 2 (Part 2)

Upcoming Trouble (II)

Zawgyi Version

စုပေတစ်ယောက် ရုံးခန်းကနေ ထွက်လာပြီးတဲ့နောက်မှာ စုရှောင်ပေါင်ကို ဆန့်ကျင်ဘက်စြင်္ကလမ်းမှာရပ်နေပြီး စိတ်လှုပ်ရှားစွာနဲ့ တံခါးကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

သူမကသူ့ကို မြင်လိုက်ရတဲ့တခဏ သူမဆီမှာကျန်နေသေးတဲ့ စိတ်မောမှုတွေက လုံးဝပျောက်ကွယ်သွားပြီး သူမနှလုံးသားလေးကနွေးထွေးသွားလေတယ်။ သူတို့ဘာတွေဘဲကြုံနေရပါစေ သူတို့အတူတူရှိနေရင် အဆင်ပြေပါတယ်။

စုပေကစုရှောင်ပေါင်ဆီ အသာလေးပြေးသွားလိုက်တယ်။

“ဘယ်လိုလဲ?” စုရှောင်ပေါင်ကမေးလိုက်တယ်

သူ့ရဲ့မေးမြန်းမှုကို စုပေကခေါင်းခါလိုက်ပြီး ‘အဆင်ပြေတယ်’ လို့ဖြေလိုက်တယ်။

မနေ့ကဖြစ်ရပ်နဲ့ပတ်သတ်ပြီး ကျောင်းကနေ တရားမျှတမှုရအောင်လုပ်ပေးမယ်လို့  သူတို့မျှော်လင့်မထားဘူးထင်တယ်။ ဒါပေမယ့် စုပေထင်တာက ဒီကိစ္စကမပြီးလောက်သေးဘူးဆိုတာဘဲ။

နေ့လည်ကိုယ်ပိုင်စာကြည့်ချိန်… စုပေကဒီအချိန်ကို မနေ့ကအိမ်စာတွေပြီးအောင် အသုံးချလိုက်ရတယ်။

ကျောင်းဝတ်စုံနဲ့မဟုတ်တဲ့ ကျောင်းသူလေး ငါးယောက်ဝင်လာတော့ တိတ်ဆိတ်နေတဲ့စာသင်ခန်းကို
အော်သံတစ်ခုက ဖြိုခွဲလိုက်တယ် “အစ်မမိန်တို့အဖွဲ့ရောက်လာပြီ…!”

အစ်မမိန် နာမည်အပြည့်အစုံက ကျိုးဟုန်မိန် နောက်ပြီးသူမရဲ့လူဆိုးဂိုဏ်းအဖွဲ့ဝင်မိန်းကလေး အုပ်စုလိုက်ကြီးက မနေ့ကစုပေကို ဆွဲခေါ်သွားကြတဲ့သူတွေဖြစ်တယ်။

ကျိုးဟုန်မိန်ကစုပေဆီလျှောက်လာပြီး ဘာမှမပြောဘဲသူမရဲ့စားပွဲခုံကိုကန်လိုက်တယ်။

အဲဒီကန်ချက်ကို အနားနားကကျောင်းသူတစ်ချို့က လက်ခုပ်တီးပြီးအားပေးနေလေရဲ့။
“အစ်မမိန်ကမိုက်လိုက်တာ…!”  “အစ်မမိန်ကိုကြိုဆိုကြ…!” ပတ်ပတ်လည်ကချီးမွမ်းမှုတွေကိုကြားရတော့
ကျိုးဟုန်မိန်က သူမခေါင်းကို ဂုဏ်ယူဝံ့ကြွားစွာမော့လိုက်ပြီး  စုပေကိုနောက်တစ်ခေါက်ထပ်ကြည့်လိုက်တယ်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Where stories live. Discover now