Arc4-7

3.8K 350 6
                                    

မှောင်​ရိပ်​သန်း​နေသည့်​အခန်းငယ်​......။
တိတ်​ဆိတ်​လွန်းလှသည်​ကလည်း....​ကျောချမ်းစဖွယ်​ဖြစ်​သည်​....။

သို့​သော်​လည်း...ထို​နေရာ​လေး၏​ထောင့်​တစ်​​နေရာတွင်​​တော့က​လေးငယ်​တစ်​ဦးကငြိမ်​ကုပ်​လျှက်​ ......။

" ငါမင်းကို​ပြောထားတယ်​​လေ....ဒီကိစ္စကလွယ်​လွယ်​လုပ်​လို့မရဘူးလို့.....အခန့်​မသင့်​ရင်​​သေကုန်​လိမ့်​မယ်​ကွ..."

ယောကျာင်္းတစ်​ဦး၏မာထန်​လွန်းလှသည့်​အသံသည်​ထိုအ​မှောင်​ထုကြီးအားတစ်​ချက်​တစ်​ချက်​ဖြိုခွဲသွား​လေသည်​......။

သို့​​သော်​လည်းထိုလူ၏အသံကို​တော့ပြန်​လည်​ခွန့်​တုန့်​ပြန်​မည်​လူဟူ၍ရှိမ​နေ​ချေ......။

ကြမ်းပြင်​​ပေါ်တွင်​​တော့လဲ​လှောင်း​နေသည့်​အသက်​မဲ့ခန္ဓာကိုယ်​တစ်​ခုသည်​......က​လေးတစ်​ဦးအားစိုက်​ကြည့်​လျှက်​......။

ထိုက​လေးငယ်​၏စိတ်​ဒဏ်​ရာသည်​ပို၍ကြီးစိုးလာခဲ့​လေသည်​......။
မိခင်​​သေသည်​ကိုမိမိမျက်​လုံး​ရှေ့တွင်​မြင်​ခဲ့ရ​သောမိမိ.....။
မိခင်​ဒုက္ခ​ရောက်​​နေသည်​ကိုမိမိနာကျင်​မည်​ကိုဆိုး၍​ငေးကြည့်​ရုံသာတတ်​နိုင်​သည့်​က​လေး......။

ထိုအချိန်​မှစ၍အားနည်းလွန်းသည့်​မိမိကိုယ်​ကိုမုန်းတီးကာ​နေခဲ့သည်​....။

ဆေးရုံတစ်​​နေရာတွင်​လှဲ​လျောင်း​နေသည့်​ထိုလူသားကိုကြည့်​၍Zတစ်​​ယောက်​Re ​ပြောသမျှတို့အားနား​ထောင်​​နေလိုက်​သည်​.......။

"အခုကကျွန်​​တော်​သိ​သ​လောက်​ပါပဲ ....Rကသူ့ကိုယ်​သူသန်​မာချင်​တယ်​.....ဒါ​ကြောင့်​လဲသူ့ကိုသူRဆိုတဲ့အသိကို​ဖျောက်​ပြီး..တစ်​ခါတစ်​​လေသန်​မာလွန်းတဲ့Richestအဖြစ်​​နေတတ်​တယ်​..အဲ့လိုဖြစ်​သွားပြီဆိုရင်​လဲ.အသိက​တော့ရှိ​နေ​ပေမဲ့သူ့ကိုယ်​ကိုထိန်းချုပ်​မရ​တော့ဘူး.....တစ်​​နေ့သူ့အ​ဖေ​ကိုပြန်​သတ်​ခဲ့တယ်​.....ဥပ​ဒေကဖမ်းမိပင်​မဲ့...​နေမ​ကောင်းတဲ့လူဖြစ်​တာ​ကြောင့်​...လွတ်​သွားခဲ့တာ..ဒီကိစ္စ​တွေပြီးသွားတဲ့​နောက်​မှာ​တော့သူရဲ့​ဝေဒနာ​တွေအကုန်​သက်​သာလာဖို့ပဲ​မျှော်​လင့်​ရပါတယ်​......ပြီး​တော့Rimအ​ကြောင်းလဲကျွန်​​တော်​သိပါတယ်​......ဒါ​ကေမဲ့ဒါ​တွေအကုန်​ကRအကူအညီ​တောင်းခဲ့လို့ပါ....အ​ကြောင်းအရင်းကို​တော့ကျွန်​​တော်​မသိတာမို့...ခွင့်​ပြုပါအုံး....."

Devil System(U+Z)Where stories live. Discover now