Arc7-5

2.3K 299 12
                                    

Zawgyi

Tadatsuတို့ထမင်းစား​သောက်​ပြီးသည်​နှင့်​ သုံးဦးသားထိုင်​ကာ စကား​ပြောဆိုကြသည်​...။
မိမိဖခင်​သည်​နှင့်​ သူ၏လွမ်းဆွတ်​မှုတို့နှင့်​ သူမ တနည်းမိမိတို့မိခင်​အ​ပေါ်မည်​မျှချစ်​​ကြောင်းကို မ​မောပန်းနိုင်​စွာ​ပြော​ဆို​နေခဲ့သည်​.....။

ထိုအရာကို​ပြောဆို​နေချိန်​တွင်​ သူ၏မျက်​နှာ​ပေါ်မှ သူမတူသည့်​အပြုံးကိုကြည့်​ပြီး မိမိနှင့်​Arikaပါပြုံးမိသည်​...။

ည​နေ​​စောင်းသည်​နှင့်​ မိမိတို့ထိုလူကြီးအားနှုတ်​ဆက်​ကာ မိမိတို့​နေရာတိုက်​ခန်းသို့သာပြန်​လာကြသည်​....။

ပြန်​လာစဉ်​တစ်​​လျောက်​လုံးတွင်​ မိမိအ​တွေးထဲ၌ ပန်းလာပို့သည့်​ သူကိုသာ​တွေး​နေမိသည်​...။

မူလဇာတ်​​ကြောင်းတွင်​လဲ သူတို့မိခင်​အ​ကြောင်းမည်​သူမျှမသိ​ချေ...။
သူတို့သည်​ သူတို့ပရိတ်​သတ်​များကိုပင်​ထိုအ​ကြောင်းတို့အားသိခွင့်​မ​ပေးခဲ့​ချေ...။

ယခုမိမိ​ရောက်​သည့်​အချိန်​တွင်​လဲ မည်​သူမျှသိ​ယောင်​မပြကြ​ချေ...။
သိသည်​ဆိုလျှင်​လဲ ဤကဲ့သို့ပန်းစည်းတစ်​စည်းတည်း​ရောက်​လာရန်​အ​ကြောင်းမရှိ​ချေ....။

" ဒါ ဖန်းမိန့်​တို့ပို့တာဖြစ်​နိုင်​လား??_"
မိမိအ​တွေးတို့အားသိ​နေသည့်​အလား ....မိမိတို့ဖခင်​ဆီမှပြန်​တည်းကတည်​ရှိ​နေသည့်​တိတ်​ဆိတ်​မှုအား ဖြိုခွဲကာ​မေးလာသည့်​Arikaအားကြည့်​၍မိမိ​ခေါင်းခါလိုက်​သည်​...။

" သူတို့ သိတာအခုမှမဟုတ်​ဘူး ... ဒါ​ကြောင့်​ အခုမှပို့စရာလဲမရှိဘူး!!!_"

ထိုအခါမှမိမိအ​ဖြေအားသ​ဘောတူသည့်​နှယ်​ ​ခေါင်းငြိမ့်​ပြလာသည်​.. .ထို့​နောက်​ ပြန်​သည့်​လမ်းတစ်​​လျောက်​ တိတ်​ဆိတ်​မှုကကြီးစိုးသွားပြန်​သည်​....။

ထိုအချိန်​တွင်​ Tadatsu တစ်​​ယောက်​သူ၏systemဖြင့်​သာစကား​ပြော​နေလိုက်​​တော့သည်​..။

'အဲ့လူကိုစုံစမ်း​ပေးလို့ရလား De??_´

ထို့​နောက်​ပြန်​ရလာသည့်​အ​ဖြေသည်​ မိမိ​မျော်​လင့်​ထားသကဲ့သို့ပင်​.. ။

Devil System(U+Z)Where stories live. Discover now