Real lie-11

1.1K 113 3
                                    

Zawgyi

လေထဲတွင့်​​ဝေဝဲလျက်​​မေ့​မျော​နေသည့်​သူမအား အ​မှောင်​ထဲမှသူသည်​နိုးထ​စေလိုက်​၏......

သူမသည်​​တော့နိုးနိုးချင်းပင်​ပြာရီ​နေ​သောမျက်​ဝန်းတို့်​ဖြင့်​မိမိအားကြည့်​လျှက်​ မျက်​ခမ်းစပ်​တို့၌မျက်​ရည်​ကြည်​တို့ကဝဲစပ်​​နေ​လေသည်​..

" ကျွန်​ ကျွန်​မ​တောင်းပန်​ပါတယ်​ Aerius ကျွန်​မ တကယ်​ကိုမရည်​ရွယ်​ခဲ့ပါဘူး _"

ခန္ဓာကိုယ်​ကတည်​ငြိမ်​​နေ​သော်​လည်း ပါးစပ်​ဖျားမှစကားတို့ကတရစပ်​ဆို​​နေ​လေသည်​.....

" မင်းကိုငါနာကျင်​​စေချင်​တယ်​Amelia ဒါ​ပေမဲ့ မင်းကသတ်​လို့​သေတာထက်​ ဒီထက်​ပိုဆိုးတဲ့နာကျင်​မှုကိုပဲလက်​ခံရသင့်​တာ _"

ထိုစကားကိုဆိုလိုက်​သည့်​သူအားAmelia​သေချာကြည့်​ရင်းစကာစတို့ကဆက်​၍မဆိုနိုင်​​တော့ ပါးထက်​မှစီးကျလာသည့်​ မျက်ရည်​စတို့ကို​တော့ ထို​အေးစက်​သည့်​နတ်​ဘုရားသည်​မြင်​နိုင်​ပါ​လေစ!!

မိမိ၌ရှိခဲ့သည့်​အမှားဟူ၍ ဤတည်​ငြိမ်​လွန်းသည့်​နတ်​ဘုရားအားချစ်​မိပြီးထိုနတ်​ဘုရား၏​ဘေးတွင်​ရှိ​နေချင်​သည်​သာ...

တိတ်​ဆိတ်​သွားသည့်​စကားတို့​နောက်​ကွယ်​တွင်​​တော့Ameliaမျက်​ဝန်းကိုမှိတ်​ချလိုက်​သည်​...

တဖြည်းဖြည်းခန္ဓာကိုယ်​တွင်းမှထိုးထွက်​လာသည်​ဟုခံစားချက်​သည်​ ပြင်းထန်​လွန်းသည်​..ဤအရာသည်​မိမိ၏စွမ်းအားတို့အားဖျက်​ဆီစလိုက်​ခြင်းပင်​..
နတ်​ဘုရားတစ်​ပါး၏စွမ်းအားသည်​တစ်​ခြားနတ်​ဘုရားတစ်​ပါး၏ဖျက်​စီးခြင်း တနည်း စွမ်းအားဖျက်​စီးခံရသည့်​နတ်​ဘုရားကိုယ်​တိုင်​လိုလိုလားလားဖျက်​ဆီးခံ​သောစွမ်းအားသည်​ ပြန်​လည်​ကျင့်​ကြံနိုင်​ခြင်းမရှိ​ပေ..။

ထိုသူသည်​မည်​သည့်​အချိန်​မျှနတ်​ဘုရားအဖြစ်​ပြန်​လဲ​ရောက်​ရှိနိုင်​​တော့မည်​မဟုတ်​​ပေ...

Amelia မိမိ၏မှားယွင်း​သောချစ်​ခြင်းအတွက်​​တော့ ဝမ်းနည်းမိ​လေသည်​..အနည်းဆုံး​တော့မိမိဖျက်​စီးခံရသည့်​စွမ်းအားတို့က မိမိချစ်​ခဲ့ရဖူးသူ၏လက်​ချက်​​ကြောင့်​ပဲဖြစ်​သည်​...။
သို့​သော်​လည်းမပြီးဆုံးနိုင်​သည့်​နာကျင်​မှုက ပို၍တိုးလာသ​ယောင်​ပင်​.

Devil System(U+Z)Where stories live. Discover now