Arc7-11

1.9K 269 9
                                    


Zawgyi

အချိန်​တို့ကြာလာသည်​နှင့်​အမျှ ရှန်းစီနျန်​သည်​မိမိအနားပို၍တိုးကပ်​လာသည်​...။ထို့အပြင်​  စစ်​နိုင့်​လျန်​ သည်​လည်း မိမိအားအလွတ်​မ​ပေး​ချေ.....။
ထို့ပြင်​ ပို၍ထူးဆန်းသည်​က ဇာတ်​လမ်းတို့ပြီးခါနီး​လေ အမြဲတမ်းအိပ်​မက်​ဆိုးတိုးသာ မက်​​နေ​လေသည်​...။

ထိုအထဲတွင်​မိမိ၏နာမည်​အရင်းကိုသာဆို​နေ​သော​ကြောင့်​ ဤအရာသည်​မိမိ၏မှတ်​ဥာဏ်​ထဲကတစ်​စိတ်​တစ်​ပိုင်းသာဖြစ်​မည်​ဟု​သာထင်​သည်​...။

" ကိုယ့်​ကို​တွေး​နေတာလား??_"

အိမ်​ထဲဝင်​လာရင်းဖြင့်​ဆိုလာသည့်​သူသည်​ မိမိ၏​ဘေးတွင်​သာ ဝင်​ထိုင်​၍ပြုံးပြ​နေသည်​....

" ခင်​ဗျားဒီကိုခနခနလာ​နေရတာမပင်​ပန်းဘူးလား??_"

" အဟက်​..ဒါကပင်​ပန်းတာမှမဟုတ်​တာ..ကိုယ်​မင်းဆီကအ​ဖြေရမယ်​ဆိုရင်​ ကိုယ်​မပင်​ပန်း​တော့ဘူး​လေ ဒါဆိုဒီမှာပဲလာ​နေလိုက်​​တော့မှာ !!_"

" ခင်​ဗျား!!_"

တ​ဖြေး​ဖြေး​ရှေ့သို့တိုးလာသည့်​ထိုသူအား​ရှောင်​ရန်​​နောက်​သို့ဆုတ်​လိုက်​သည်​...သို့​သော်​လည်း မိမိ​နောက်​ဆုတ်​​လေပိုတိုးလာသည့်​သူ​ကြောင့်​ ​​နောက်​ဆုံးတွင်​​တော့ မိမိအားအ​ပေါ်မှအုပ်​မိုးကာ​နေ​လေသည်​...။

" ဒါကျွန်​​တော့်​အိမ်​ဆိုတာသိတယ်​​နော်​ _!!"

" သိတာ​ပေါ့ဒါ​ကြောင့်​လဲ ကိုယ့်​ကိုအ​ဖြေ​ပေးရင်​ဒီကိုလာ​နေမယ်​​ပြောတာ!!_"

" ရူး​နေတာလား??_အ​ပေါ်က​ဖယ်​​ပေး!!"

" ကိုယ်​ကဒီလို​လေးပိုသ​ဘောကျတယ်​_"

ထို့​နောက်​တွင်​​တော့ ထပ်​တူကျသွားသည့်​နှုတ်​ခမ်းတစ်​စုံသည်​ ပို၍တင်းကျပ်​လာသည်​...။
နှုတ်​ခမ်းကိုကိုက်​လိုက်​သည်​မို့ပွင့်​ဟသွားသည့်​အချိန်​တွင်​ဝင်​​ရောက်​လာသည့်​ လျာဖျား​ကြောင့်​ မှိတ်​ထားသည့်​မျက်​လုံးတို့သည်​ပို၍တင်းကျပ်​သွား​လေသည်​..။မိမိ​ခေါင်းအ​နောာက်​ဘက်​အားထိန်းကိုင်​ထားပြီး​နောက်​ အနမ်းတို့ကပို၍ရမ္မက်​ဆန်​လာ​လေသည်​...။

Devil System(U+Z)Where stories live. Discover now