Arc4-1

5.5K 413 8
                                    

Zတစ်​​ယောက်​Deဆီမှအချက်​အလက်​တို့အားရပြီးသည်​နှင့်​မိမိ၏တာဝန်​အားစ၍လုပ်​​ဆောင်​ရန်​ပြင်​ဆင်​​လေ​တော့သည်​.......။

သို့​သော်​လည်း..ရုတ်​တရက်​အခန်း​ရှေ့မှကြားလိုက်​ရ​သော​ခြေသံတို့​ကြောင့်​ဤအခန်းမှထွက်​သွားရန်​ပြင်​ဆင်​​လေ​တော့သည်​.....။

သို့​ပေမဲ့...မိမိယခု​ရောက်​​နေသည့်​​နေရာသည်​​မှောင်​မိုက်​၍အလင်းဟူ၍လုံးဝမရှိ​ချေ.......။

'ကျွီ.´

တံခါးဖွင့်​သံကြားသည်​နှင့်​Z​မြေပြင်​​ပေါ်တွင်​သတိ​မေ့ချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​....။

မိမိမျက်​လုံးတို့အားဖွင့်​မထား​သော်​လည်းအသံအရဝင်​လာသူမှာတစ်​ဦးတည်းဟုတ်​မ​နေ​ချေ........။

'ဘယ်​နှစ်​​ယောက်​​တောင်​လဲကွာ´
Zစိတ့ထဲမှ​တွေး​နေလိုက်​သည်​........။
သူ၏အ​တွေးထဲတွင်​လူနည်းလျှင်​မိမိ၏တိုက်​ခိုက်​​ရေးကိုသုံးလို့ရသည်​.....ယလုနှစ်​​ယောက်​တည်း​ပေမို့ထိုသူတို့အားတိုက်​ရန်​​တွေးလိုက်​သည်​...သို့​သော်​လည်း..သူတို့၏စကားများကိုဆက်​၍နား​ထောင်​​နေလိုက်​သည်​....မိမိအားဖမ်းလာရသည့်​အ​ကြောင်းအရင်းအားမသိ​သေး​ချေ....။
ထို့​နောက်​ဆိုလာသည့်​သူတစ်​ဦး.....။

" ​သူ့ကို​ခေါ်သာ​ခေါ်လာတာဘာလို့​ခေါ်ခိုင်းလိုက်​တာတုန်း...ဆရာနဲ့ရန်​ငြိုးရှိ​နေလို့လား....ပြီး​တော့သူပုံစံကိုကြည့်​စမ်းပါအုံး...​ကြောင်​​တောင်​​တောင်​နဲ့ရုပ်​ကလည်းဆိုးလိုက်​တာကွာ..."

'ဘာ..ရုပ်​ဆိုးတယ်​ဟုတ်​လား...ငါဝင်​ထားသမျှဘဝတိုင်းက​ချောပါတယ်​..ဒီဘဝမှရုပ်​ဆိုးတာကို​ပေးရလား..De..ငါပြန်​လာ​ရင်​မင်း​သေပြီ..´

ထိုစကား​ကြောင့်​Deတစ်​​ယောက်​သည်​​တော့​ကျောချမ်းလျက်​.....။

" ဟာ..ဒါကငါတို့နဲ့မဆိုင်​ဘူး​လေ....ဆရာကိစ္စကွ...ငါတို့အလုပ်​ကဆရာခိုင်းသမျှလုပ်​​ပေးဖို့...မင်းကဘာရှည်​​နေတာလဲ..."
'​အေး​လေ...မင်းပဲသိတတ်​တယ်​..ငါချရင်​မင်းကို​ဖြေး​ဖြေး​လေးပဲထိုးပါ့မယ်​..´

Devil System(U+Z)Where stories live. Discover now