Arc5-3

3.9K 444 6
                                    


[Zawgyi]

Jack​မေ့​​မျော​နေ​သော်​လည်း
....ခံစားမိ​နေသည့်​တရင်းတနှီးရှိလှသည့်​အရာကမိမိရင်​အား​နွေး​ထွေး​စေသည်​.....။

အသိတို့ကရှိ​နေ​သော်​လည်းမျက်​ဝန်းတို့ကပွင့်​မလာ​ချေ.....။
သို့​သော်​လည်းနားနား၌တိုးဝင်​လာသလိုခံစားရသည့်​​လေ​နွေး​နွေးတို့​ကြောင့်​မပွင့်​သည့်​မျက်​ဝန်းကပွင့်​လာသည်​.......။

Jackမျက်​ဝန်းပွင့်​ပွင့်​လာချင်း​တွေ့လိုက်​ရသည်​ကမိမိ​ဘေးတွင်​မျက်​နှာဝိုင်း​လေးဖြင့်​ကြည့်​​နေရှာသည့်​သူမ......။

အနက်​​ရောင်​မျက်​ဝန်းများက​ဖြောင့်​စင်းလွန်းလှသည့်​မျက်​​တောင်​များကြားတွင်​အလှပဆုံး​နေရာယူထားသည်​......။

နှာတံစင်းစင်းတို့ကလဲမျက်​နှာဝိုင်း​လေးအားပို၍​ပေါ်လွင်​​စေပြန်​သည်​....။ထူးခြားသည်​ကသူမ၏ဆံနွယ်​တို့ပင်​.....​ရွှေ​ရောင်​​ဆံနွယ်​တို့တွင်​..ခရမ်း​ရောင်​highlightတို့ကထင်း​နေ၏.....။

ဆံမြိတ်​​လေးတို့ကပြတင်း​ပေါက်​နားနှင့်​နီးသည့်​အတွက်​​လေတစ်​ချက်​တိုက်​ခတ်​ချိန်​တွင်​လွင့်​သွားတတ်​သည်​...။မိမိနိုးလာသည်​နှင့်​ပြုံးပြလိုက်​သည့်​အတွက်​ပန်း​ရောင်​သန်း​နေသည့်​ပါးပြင်​​ပေါ်တွင်​ပါးချိုင့်​​လေးခပ်​နက်​နက်​ချိုင့်​ဝင်​သွား​သေးသည်​......။

Jackမိမိ​ရှေ့မှသူမ၏အလှအားအ​သေးစိတ်​စိုက်​ကြည့်​​နေမိသည်​...။
ထို့​နောက်​​ပေါက်​ကရအ​တွေးတို့အားဖယ်​ကာ....

' မင်းမှာချစ်​သူရှိတယ်​Jackစိတ်​ထိန်းစမ်း...အခုကမင်းချစ်​သူအတွက်​လာတာ..´

" ဟီး..ဟီး...နိုးလာပြီလား...ကိုကိုက​မေ့​နေတာ​တောင်​တစ်​မျိုး​လေးကြည့်​​ကောင်းတယ်​​နော်​.."

' ဘာလာား..´

Jackသူမစကားတို့အားမည်​မျှပင်​မတုန့်​ပြန်​မိခဲ့​ချေ.....။
စိတ်​ထဲတွင်​​တော့Deကိုသာ​ခေါ်လိုက်​ရပြန်​သည်​.....။

[ De...အခုငာ့​ရှေ့ကဇာတ်​လိုက်​မဟုတ်​ပါတယ်​​နော်​..သူကအဖမ်းခံထကတယ်​ဆိုပြီး...ခြစ်​ရာရှရာနည်းနည်းမှမရှိတဲ့အပြင်​...အခုငါ့ဆီကိုလာပြီးပြုံးပြ​နေတာလား....]

Devil System(U+Z)Where stories live. Discover now