Han Hyung

1.9K 268 11
                                    

Zawgyi

(ဒါကလုံးဝကိုHan hyungရဲ့အ​တွေး​တွေပါပဲ​နော်​ ဒါနဲ့sideက​နေ​ရေးထားတာမို့ ပါ)

အရာအားလုံးပြီးဆုံးသွားပြီးတဲ့​နောက်​ ငါ ဘယ်​ကိုသွားရမယ်​မှန်းမသိဘူး...

အမတ်​ချုပ်​ကြီးထွက်​သွားပြီး​နောက်​​တော့ ငါအကုန်​လုံးကို​မေ့​ပျောက်​​အောင်​​နေခဲ့တယ်​ ဒါ​ပေမဲ့ အိပ်​​ပျော်​ချိန်​တိုင်းငါ့ကိုရိုက်​ခတ်​​နေတဲ့ သူ့ရဲ့​နောက်​ဆုံးပုံရိပ်​​တွေကငါ​သေဆုံးခါနီးအထိမရပ်​တန့်​ခဲ့ဘူး...

'သူအဲ့လိုလုပ်​ဖို့တန်​ရဲ့လား??_´

နောက်​​တော့ ငါဘာကိုမှမသိ​တော့ပဲ​မှောင်​​နေတဲ့တစ်​​ရောကို​ရောက်​သွားတယ်​ ဒါလူ​တွေ​ပြောတဲ့​သေတာလားဆိုတာငါမသိဘူး...
ငါအဆုံးထိလမ်းဆက်​​လျောက်​​နေခဲ့တာ ... အခု​တော့ငါ့ရဲ့မျက်​စိ​ရှေ့မှာ အလင်း​ရောင်​တစ်​ခုကို​တွေ့တယ်​ ဒါ​ပေမဲလ​လျောက်​​လေ သူက​ဝေး​လေ... အယ်​ ဘယ်​ဟုတ်​မလဲ သူကငါ့ဆီလာ​နေတာပဲ....

သူ့ငါ့ဆီလာ​နေတာ​တွေ့ချိန်​မှာ​တော့ ငါရပ်​တန့်​လိုက်​တယ်​ အလင်းကအရမ်းစူးလွန်းလို့ ငါ့မျက်​လုံးကိုမှိတ်​လိုက်​ရတယ်
မျက်​လုံးပြန်​ဖွင့်​လိုက်​ချိန်​မှာ​တော့ ငါတစ်​ချိန်​လုံး​လျှောက်​လာခဲ့သမျှ​တွေ့ရတဲ့အ​မှောင်​​တွေမဟုတ်​​တော့ဘူး....

ပတ်​ဝန်းကျင်​တစ်​ခုလုံးက ရှင်းလင်းစွာမြင်​​တွေ့နိုင်​တယ်​...ငါသိတာ​တော့ ဒါကွင်းပြင်​ကြီးပဲ...

နောက်​​တော့ ငါ့​ရှေ့မှာ လူတစ်​​ယောက်​လာရပ်​တယ်​ သူဝတ်​ထားတာကငါနဲ့မတူဘူး...။

'အမ်​!? ငါလဲအရင်​ဝတ်​စုံနဲ့မဟုတ်​ဘူး....သူဝတ်​ထားသလိုပဲ..
ဒီလူကငါ့ကို​တွေ့တာနဲ့ပြုံးပြတယ်​ ´

" အ​ပေးအယူလုပ်​ချင်​လား??_"

" ဘယ်​လို _ ဘာအ​ပေးအယူလဲ?? ခင်​ဗျားက​ရောဘယ်​သူလဲ??_"

" ငါလား?? မင်းကိုဖန်​တီးခဲ့တဲ့သူ​လေ...မင်းကဒီအတိုင်းငါဖန်​တီးထားတဲ့ပုံရိပ်​တစ်​ခု​ပေါ့...ဒါ​ကြောင့်​ငါ့ကိုအဆင်​​ပြေသလို​ခေါ်လို့ရတယ်​ _ငါက​တော့ ငါ့ကိုယ်​ငါ
Devilလို့​ခေါ်တယ်​ ​"

Devil System(U+Z)Where stories live. Discover now