Arc6-7

2.2K 328 8
                                    

Zawgyi

" အပြင်​မှာဘယ်​သူရှိလဲ??_"

Hwa Eunတစ်​​ယောက်​အိမ်​​ရှေ့စံထွက်​သွားသည်​နှင့်​ ​စိတ်​တို့က​ဆောက်​တည်​ရာမရ​တော့​ချေ......။

အချိန်​တို့သည်​ဆက်​၍ဆွဲလို့မ​ဖြစ်​​တော့​ချေ...။ထို့​ကြောင့်​မိမိလုပ်​စရာရှိသည်​တို့အား လုပ်​ရ​ပေ​တော့မည်​......။

မိမိအသက်​ 20တွင်​မိမိလက်​မထပ်​ချင်​သည့်​ ဘုရင်​ ဤနိုင်​ငံ၏ဥ​သျှောင်​ဖြင့်​လက်​ဆက်​ခဲ့ရသည်​...။ထို့အတွက်​​ကြောင့်​လဲမိမိချစ်​ရသည့်​ သူဖြင့်​​ဝေးကွာခဲ့ရသည်​.....။

မိမိဘုရင်​ဖြစ်​သူနှင့်​လက်​ဆက်​ရမည်​ဆိုသည့်​သတင်း​ကြောက့်​ ထွက်​ခွာသွားသည့်​မိမိချစ်​ရသူအား နာကျင်​မိပါ​သော်​လည်း ​နောက်​ပိုင်းမိမိသိရသည်​က မိမိနှင့်​အ​နေနီးစပ်​ရန်​ ကြိုးစား​နေ​ကြောင်း.....။

အစကမယုံကြည်​နိုင်​​သော်​လည်း အမတ်​ချုပ်​ဆိုသည့်​ရာထူးဖြင့်​မိမိ​ရှေ့​ပေါ်ထွက်​လာသည့်​ မိမိချစ်​ရသူ....။

မိမိ၏စိတ်​ကူးသည်​ ရှင်​ဘုရှု​အားလုပ်​ကြံကာ ဘုရင်​​နေရာအား မိမိချစ်​ရသူကိုဦး​ဆောင်​​စေမည်​...ထို့​နောက်​ မိမိနှင့်​​ပျော်​​ပျော်​ရွှင်​ရွှင်​​နေရန်​...သို့​သော်​အ​တွေးတို့သည်​လက်​​တွေ့နှင့်​တခြားဆီ ထိုသူသည်​ သူ​သေဆုံးမည်​ကို ကြိုသိနှင့်​သကဲ့သို့....သူ့၏​နေရာအတွက်​ကြို၍ပြင်​ဆင်​ခဲ့သည်​.....။

အိမ်​​ရှေ့စံ Han Hyung...သူ၏အသက်​20ပြည့်​ပြီးချိန်​တွင်​ ထီးနန်းဆက်​ခံခွင့်​ ....။

ထို့​ကြောင့်​ အိမ်​​ရှေ့စံအသက်​မပြည့်​ခင်​ဟူသည့်​အချိန်​တွင်း မိမိသာအုပ်​ချုပ်​​နေခဲ့သည်​..​သေချာ​ပြောလျှင်​မိမိချစ်​ရသူဖြင့်​.....။

မိမိ၏အတိတ်​မှအ​တွေးတို့သည်​....အခန်းထဲဝင်​လာသည့်​ သုမ​ကြောင့်​ ရပ်​တန့်​သွားသည်​...။

" မယ်​မယ်​ ..ကျွန်​​တော်​မျိုးမရှိပါတယ်​.."

" အထိန်း​တော်​ မင်​....အခုချက်​ချင်း အမတ်​ချုပ်​ကြီးဆီကိုလူလွှတ်​လိုက်​ပါ..မယ်​မယ်​အ​ခေါ်​တော်​လွှတ်​တယ်​လို့.."

Devil System(U+Z)Where stories live. Discover now