Arc6-2

3.1K 355 2
                                    

Zawgyi......

" မယ်​မယ်​..အမတ်​ချုပ်​ကြီးမင်​က​တွေ့ခွင့်​​တောင်း​နေပါတယ်​.."

" ဝင်​လာခိုင်းလိုက်​.."

မင်​ဟွမ်​​ မိဖုရား​ခေါင်​ကြီး၏ အမိန့်​ရပြီး​နောက်​ဝင်​လာလိုက်​သည်​....။

" အမတ်​ချုပ်​ကြီး လာထိုင်​​လေ..ဘာအ​ကြောင်းကိစ္စများရှိလို့လဲ.."

" ကျုပ်​ မယ်​မယ့်​ကို​တောင်းဆိုချင်​လို့ပါ "

" ဪ..အမတ်​ချုပ်​ကြီးက ​တောင်းတဲ့အကူအညီဆို​တော့လဲကျွန်​မက​ပေးရမှာ​ပေါ့...ဘာများလဲ.."

" ကျုပ်​ Kimကို နန်းတွင်းကလွတ်​သွားတဲ့ အမတ်​ Imm ရဲ့​နေရာကို​ပေး​စေ​ချင်​တယ်.."

" Kim..omm Kimဆို​တော့ အခုအမတ်​ချုပ်​ကြီး​မွေးစားထားတဲ့သူလား.."

" ဟုတ်​တယ်​.."

" ကျွန်​မ​တော့အံသြလို့မဆုံးဘူး...Kimဆိုတာဘယ်​လိုမျိုးနွယ်​စုကလဲဆိုတာရှင်​လဲသိပါတယ်​...တကယ်​လို့သူရာထူးရသွားရင်​.."

" ကျုပ်​မှာလဲကျုပ်​အ​တွေးနဲ့ကျုပ်​ပါ...မယ်​မယ်​ကကူညီ​ပေးဖို့​မျော်​လင့်​ပါတယ်​.."

" ကျွန်​မမငြင်းပါဘူး....ကျွန်​မကအမတ်​ချုပ်​ကြီးကိုသတိ​ပေးရုံပါ..."

" ဒါဆိုလဲကျွန်​​တော့်​ကိုခွင့်​ပြုပါအုံး..."

" ကျွန်​မတို့​ပေးထားတဲ့ကတိကို​တော့မ​မေ့ပါနဲ့ Min Hwan"

" ကိုယ်​သိပါတယ်​.."

Min Hwan အခန်းထဲမှထွက်​လာပြီး​နောက်​ မျက်​နှာတွင်​​တော့မည်​သူမှမမြင်​နိုင်​သည့်​ အ​ပြုံးတစ်​ခုထွက်​​ပေါ်လာ၏.....။

........................................................................

( )​ဆောင်​ကြာမြိုင်​....

ထို​နေရာသည်​ မိမိကဲ့သို့ရာထူးရှိသူများ ဆုံစည်းရာ​နေရာပင်​...။
မိမိ၏ယုံကြည်​ရသူမရှိလျှင်​အလွယ်​တကူ​သေနိုင်​သကဲ့သို့ ယုံကြည်​ရသူရှိလျင်​​တော့ အလွယ်​တကူလူသတ်​နိုင်​သည့်​​နေရာပင်​...။

ဇာတ်​လမ်းတစ်​ခုလုံး၏ဗီလိန်​ဖြစ်​သည့်​ Min Hwanသည်​​တော့
ဤ​ဆောင်​ကြာမြိုင်​သည်​ သူ၏ဒုတိယအိမ်​ဆိုလျင်​လဲမမှားနိုင်​​ချေ....။

Devil System(U+Z)Where stories live. Discover now