Arc8-1

2.4K 284 22
                                    

Zawgyi

ထိုလူသည်​လက်​ကို​ဝေ့လိုက်​သည်​နှင့်​ မိမိသည်​တစ်​​နေ​ရာသို့လွင့်​​မျောသွားပြီ​နောက်​တွင်​​တော့ ​မှောင်​ကျသွားသည်​...

ထို့​နောက်​တွင်​​တော့တစ်​​နေရာကမှပြုတ်​ကျသည့်​ပုံစံဖြင့်​ ​ရေထဲ၌စိုးထိတ်​မှုတို့ကပြည့်​​နေ၏.....

လက်​​ဖျောက်​တီးသံတစ်​ချက်​ကနားထဲဝင်​လာပြီး​နောက်တွင်​​တော့
မိမိမျက်​လုံးကပြန်​ပွင့်​လာသည်​...

မြင်​ရသည်​က မိမိ​ဘေးတွင်​ဝိုးဝန်း​နေသည့်​လူများ....ထိုလူတို့၏အာရုံသည်​ အ​ရှေ့ဘက်​မီး​တောက်​တစ်​ခု၏​ရှေ့တွင်​သာ..

ထို့​နောက်​​ခေါင်းထဲမှထိုးကိုက်​လာမှုနှင့်​အတူ မှတ်​ဥာဏ်​အချို့ကမိမိဆီသို့​ရောက်​လာသည်​....

ဤကမ္ဘာသည်​ နတ်​ဘုရားနှင့်​လူသားတို့ကျင်​လည်​ရာပင်​...
လူသားတို့သည်​လည်း သာမန်​ကဲ့သို့မဟုတ်​​ပေ...
နတ်​ဘုရားတို့အားကိုးကွယ်​သည့်​လူမျိုးစု နတ်​ဆိုးတို့အားကိုးကွယ်​သည့်​လူမျိုးစုနှင့်​ နတ်​ဘုရားအဖြစ်​​လေ့ကျင့်​သူလူမျိုးစုဟူ၍သုံးမျိုးရှိသည်​...

ဤကမ္ဘာ၏ဇာတ်​လိုက်​သည်​ Areius ဟု​ခေါ်သည့် စစ်​နတ်​ဘုရားဖြစ်​သည်​....​နောက်​ထပ်​ဇာတ်​လိုက်​က​တော့  Mak ဟူသည့်​ ချမ်းသာခြင်းနတ်​ဘုရား ထိုနတ်​ဘုရား​ပေါ်မလာ​ခင်​က လူ​တို့ဟာချမ်းသာမှုမရှိကြဘူး ကမ္ဘာဦးနတ်​ဘုရားက သူ့ရဲ့​သွေးစက်​တစ်​ချို့နဲ့ လူသား​တို့ထဲမှ ချမ်းသာခြင်းနတ်​ဘုရား ကို​ရွေးချယ်​ခဲ့သည်​.. ထိုကမ္ဘာတွင်​နတ်​ဘုရားတို့သည်​ နတ်​ဘုရားကျင့်​ကြံသည့်​လူမျိုးစုထဲမှသာရရှိခြင်းဖြစ်​သည်​....
သို့​သော်​လည်း ကမ္ဘာဦနတ်​ဘုရားသည်​ ထို​အယူဝါဒတို့ကိုလက်​မခံ၍
တစ်​ခြားမျိုးနွယ်​စုမှလူသားအား​ရွေးချယ်​ခဲ့သည်​...ဤကမ္ဘာ၏ဗီလိန်​သည်​ Amelia ဟူသည့်​ လှပခြင်းနတ်​ဘုရားဖြစ်​သည်​..ထိုနတ်​ဘုရားမသည်​ Areiusအားသ​ဘောကျသည့်​သူဖြစ်​သည်​...
ချမ်းသာခြင်းနတ်​ဘုရား ​ပေါ်လာပြီး​နောက်​တွင်​​တော့ ထိုနတ်​ဘုရားသည်​ ပြင်​ဆင်​မှုမရှိပဲရလာသူမို့ သူ၏ပြုမူလှုပ်​ရှားမှုတို့တွင်​လူသားဆန်​မှုတို့ကပါဝင်​​နေ​လေသည်​..စစ်​နတ်​ဘုရား သည်​ရက်​စက်​ကြမ်းကြုတ်​သူ​ဖြစ်​​စေကာမူ Mak၏ လူသားဆန်​မှုတို့ကို​တွေ့ပြီးသည့်​​နောက်​တွင်​​တော့ ဓ၏စိတ်​တို့သည်​လုံးဝကို​ပြောင်းလဲသွားသည်​ ထို့​နောက်​​တော့ Mak အားသ​ဘောကျလာခဲ့သည်​...ထို​နောက်​တွင်​​တော့ Ameliaသည်​ Makအားဒုက္ခ​ပေးရန်​ကြံစည်​​တော့သည်​ သို့​သော်​လည်း သူမမည်​သည်​တို့ကိုမှမလုပ်​နိုင်​​သေးခင်​ပင်​ Areiusနှင့်​ ကမ္ဘာဦးနတ်​ဘုရား၏ပျက်​စီးမှုကိုခံရ​လေသည်​.....

Devil System(U+Z)Where stories live. Discover now