Arc3-11

3.8K 394 3
                                    

လူ​ခြေတိတ်​ဆိတ်​လှသည့်​​နေရာတစ်​ခု....။
လူ​နေအိမ်​ဟူ၍တစ်​အိမ်​ထဲသာရှိ​နေသည်​....။

ထို့ပြင်​လူအသွားအလာနည်း​သော​နေရာတွင်​တည်​​ဆောက်​ထားသည်​မို့မည်​သူမှမသိကြ​ချေ.......။

ဟန်​ရွယ်​မိမိ၏ဦး​လေးဆို​သောသူ​ပြောပြသည်​ကိုသာက​လေးတစ်​​ယောက်​သဖွယ်​နားစိုက်​​ထောင်​​နေလိုက်​သည်​.......။

" အ​မေ့ကို​တွေ့လို့ရမလား.."

" မရဘူး...အခုအမတ်​ချုပ်​ကြီးကဖူးရန်​ကိုအိမ်​ထဲက​ပေးမထွက်​​တော့ဘူး...မင်း​ပျောက်​​နေတာဖူးရန်​သိပြီး​သောင်းကျန်း​နေလို့.."

" ကျွန်​​တော်​အဲ့လူ​တွေကိုအပြစ်​​ပေးချင်​တယ်​.."

" ငါသိတယ်​...မင်း​ပေးတဲ့အပြစ်​ကိုငါလဲခံရမှာပါ..ဒီအတွက်​​ကြောင့်​မင်းကိုအမတ်​ချုပြ့်​ကီးမထိရဲ​အောင်​မင်းကြီးနဲ့​ပေးစားခိုင်းခဲ့တာ...ဒါ​ပေမဲ့သူကငါ့ထက်​​ခြေလှမ်းသာသွားတယ်​...ဒါ​ကြောင့်​မင်းကိုအခုလိုလုပ်​ကြံခိုင်းတာလို့ထင်​တယ်​.....ဒါ​ပေမဲ့အခု​တော့မင်း​နေ​ကောင်း​အောင်​​နေပါ...မင်း​နေ​ကောင်းသွားရင်​မင်းကိုမင်းကြီးဆီ​ခေါ်သွားမယ်​.."

ဟန်​ရွယ်​ထိုစကားတို့​ကြောင့်​စိတ်​မ​ကောင်းဖြစ်​မိသည်​....ယခုဘဝသည်​မိမိဖြတ်​သန်းရသည်​မှာသုံးဘဝ​မြောက်​ပင်​....။
ထိုဘဝတိုင်းတွင်​လည်း..မိမိကြုံခဲ့သမျှလူတိုင်းကိုအသုံးချခဲ့​ပေသည်​....။
ယခုဘဝတွင်​လဲ...ဇာတ်​လိုက်​ကိုအသုံးချရ​ပေအုံးမည်​......။
ဇာတ်​လမ်းကိုအဆုံးသတ်​၍ထွက်​သွားရန်​သာ.....။

" ဒီညကျွနိ​တော်​ပြန်​ချင်​တယ်​..."

" ဒါ​ပေမဲ့..."

" ကျွန်​​တော့်​အ​ပေါ်မထားခဲ့နိုင်​တဲ့​ဦး​လေးတစ်​​ယေညက်​ရဲ့​မေတ္တာ​ရော​သေသွားတဲ့အ​ဖေအတွက်​​ရောအားနာတဲ့အ​နေနဲ့လုပ်​​ပေးပါ..."

ဟန်​ရွယ်​လျန်​ရှန်းမ​ပြောခင်​​ပြောလိုက်​ခြင်း......။

ထိုအခါတွင်​​တော့လျန်​ရှန်းလည်းမည်​သည်​မှမ​ပြောနိုင်​​တော့၍​ခေါင်းသာငြိမ့်​လိုက်​ရ​တော့သည်​.....။

Devil System(U+Z)Where stories live. Discover now