Arc8-13

1.3K 160 1
                                    

Zawgyi

'​အ့!!_´

ပါးစပ်​မှ​သွေးစတို့သည်​ မိမိထိုင်​​နေသည့်​​ကြမ်းပြင်​​ပေါ်သို့ကျသွားပြီး​နောက်​ ထို​ရေခဲပြင်​သည်​မိမိ၏​သွေးတို့အားစုပ်​ယူသွားသည်​..

" ဒါဘာဖြစ်​ရတာလဲ??_"

အ​မှောင်​ဒဏ်​ကြီးစိုး​နေသည့်​​နေရာသည်​တဖြည်းဖြည်း​မှေးမှိန်​လာ၏..
ထို့​ပြင်​ မိမိ၏စွမ်းအားသည်​တ​ဖြေး​ဖြေး​လျော့နည်းလာဟန်​ နဂိုဆို
တစ်​ခုခု​ကြောင့်​ထိခိုက်​ဒဏ်​ရာရတိုင်းဤ​နေရာသည်​ခနတဖြုတ်
အတွင်း မိမိ၏စွမ်းအားတို့အားတိုးတက်​​စေသည်​..သို့​သော်​လည်း ယခုတွင်​​တော့ အရာရာကကွာခြားသွားဟန်​ မိမိ၏စွမ်းအားတို့ကတိုးတက်​မလာပဲပို၍​လျော့ကျသွား​စေသည်​..

" မဖြစ်​နိုင်ဘူး _​​ဝေါ့!;"

သူမသည်​ရင်​ဘတ်​အားတင်းကျပ်​စွာဆုပ်​ကိုင်​ထားရင်းပါးစပ်​မှလည်း
သွေးတို့ကမရပ်​တန့်​ပဲအန်​​နေမိသည်​...

ထို့​နောက်​တွင်​​တော့ သူမဤ​နေရာတွင်​ဆက်​​နေရန်​မဖြစ်​​တော့​ကြောင်းကို​သေချာသိ​လေပြီ
ဖြစ်​တာ​ကြောင့်​ လက်​ကို​ဖြေးညှင်းစွာ​ဝေ့ရန်းလျက်​ မူလ​နေရာသို့ပြန်​လည်​​ရောက်​ရှိ​စေလိုက်​​တော့သည်​...

မိမိထို​နေရာသို့​ရောက်​သည်​နှင့်​မိမိအ​ရှေ့မှသူမသည်​​တော့ စိုးရိမ်​ကြီးစွာ​မေးလာသည့်​အသံ...

" နင်​..နင်​ဘာဖြစ်​တာလဲ?? ဘာဖြစ်​တာလဲလို့ငါ​မေး​နေတယ်​ Amelia!!_"

သူမတွင်​​တော့တစ်​ဖက်​မှမိမိနှင့်​တစ်​ပုံတည်းတူလှသည့်​သူမ၏အ​မေးကိုပြန်​၍ပင်​မ​ဖြေနိုင်​​တော့​ချေ...
တ​ဖြေး​​ဖြေးအားယူပြီး​နောက်​တွင်​​တော့

" ငါ ငါ့ကို ​ရေခဲ​အ​မှောင်​စွမ်းအားကကုမ​ပေးနိုင်​​တော့ဘူး_သူ သူကငါ့ကိုနာကျင်​​စေတယ်​ ​ဝေါ့_"

တစ်​ဖက်​မှသူမကို​ပြောရင်းဖြင့်​သည်​ ပါးစပ်​မှ​သွေးတို့ကထပ်​မံအန်​လိုက်​ပြန်​၏...

Ameliaနှုတ်​ခမ်းမှ​သွေးစတို့အားသုတ်​လိုက်​ပြီး​နောက်​တွင်​​တော့
မိမိ၏လက်​သည်​ ​အောက်​မှကြမ်းပြင်​ကိုပင်​​ဖောက်​၍မြင်​​နေရပြီဖြစ်​သည်​..

Devil System(U+Z)Where stories live. Discover now