Real Life-1

2.4K 202 9
                                    

Zawgyi

ဤဘဝကြီးပြီးဆုံးသွားသည့်​အခါဘယ်​​နေရာကမိမိအား​စောင့်​ကြို​နေ
မည်​ကိုAsteroဆက်​၍မ​တွေးချင်​​တော့ _!

မည်​သည့်​အရာကမိမိအား​စောင့်​ကြို​နေပါ​စေ ထိုအရာသည်​မိမိအားနာကျင်​မှုထပ်​၍​ပေးနိုင်​​တော့မည်​မဟုတ်​​ချေ..

နဂိုကဲ့သို့'အဆုံးသတ်​ပြီ´ဟူသည့်​​ပြောပြ​ပေးမည့်​Deသည်​လည်းမိမိအနားတွင်​ရှိမ​နေခဲ့​ပေ..သို့​သော်​အသိစိတ်​ထဲတွင်​​တော့ဤကမ္ဘာသည်​အဆုံးသတ်​သွားပြီဖြစ်
ကြောင်းမိမိဦး​နှောက်​ကအသိ​ပေး​နေ​သေည်​...

Organ​ပြောခဲ့ဖူးသည့်​ခွင့်​လွှတ်​မှုဆိုသည့်​အရာအား​မေ့​ပျောက်​ပြီး
ထို​နေရာနှင့်​အ​ဝေးဆုံးကို​ပြေးထွက်​ကာတစ်​ကိုယ်​​ကောင်းဆန်​ကြည့်
ချင်​သည်​..အရာရာအစစ်​အမှန်​ဟုခံစားခဲ့ရပြီး ​နောက်​ဆုံး​တွင်​သိခဲ့ရသည်​ကထိုအရာတို့သည်​ဒီအတိုင်းဖြတ်​သန်းခဲ့ရသည့်​​သေးမွှားလွန်းသည့်​မှတ်​ဥာဏ်​တစ်​စိတ်​တို့သာ...သို့​သော်​လည်း
ထိုအချိန်​တွင်​နာကျင်​ခဲ့ရသည်​မှာ မိမိတစ်​ဘဝစာပင်​_!အကယ်​၍
မှတ်​ဥာဏ်​တို့သာပြန်​မရခဲ့လျှင်​မိမိ၏ဘဝသည်​လူသားအဖြစ်​နှင့်​​သေလိုက်​ပြန်​လည်​​မွေးဖွားလိုက်​ဖြင့်​သံသရာလည်​​နေမည်​လား?! သို့မဟုတ်​ ယခုမိမိ​ပျောက်​ကွယ်​သကဲ့သို့ ထိုဝိညာဉ်​သည်​လည်း
ထိုဘဝတစ်​ခုကိုဖြတ်​သန်းပြီး​နောက်​​ပျောက်​ကွယ်​သွားမည်​လား??_

အရာရာအဆုံးသတ်​သွားပြီဟူသည့်​အသိ​နောက်​တွင်​​တော့ မျက်​လုံးကိုမှိတ်​လျက်​စိတ်​ကို​လျော့ချလိုက်​သည်​..

နောက်​ဆုံးတွင်​ ခန္ဓာကိုယ်​သည်​​ပေါ့ပါးသွားသကဲ့သို့ ​မြောက်​တက်​သွားသည်​...တစ်​​နေရာရာသို့လွင့်​​မျောသွား​နေသည့်​ဟန်​.

အရာရာအ​မှောင်​ကျသွားပြီဖြစ်​​သော်​လည်း အသိစိတ်တို့ကတစ်​​နေရာရာကိုမိမိလွင့်​​မျော​နေ​ကြောင်းသိ​လေသည်​_!

ဤအရာသည်​ အရာအားလုံး၏အဆုံးသတ်​​ပေပဲလား?? အနည်းဆုံး​တော့ နာကျင်​မှုသည်​အလျင်းရှိမ​နေ​ချေ.....

Devil System(U+Z)Where stories live. Discover now