Arc7-8

2K 285 17
                                    

Zawgyi

" ပါးကဒီ​နေ့စံအိမ်​မှာပွဲ​တော်​လုပ်​မယ်​တဲ့_??မင်းသွားချင်​လားTadatsu_"

မည်​မျှပင်​ညီအစ်​ကိုဟုဆိုပါ​သော်​လည်း အ​မေဖြစ်​သူမဆုံးခင်​ကအနားတွင်​ရှိ​နေ​ပေးကာ အနာကျင်​ရဆုံးဖြစ်​ခဲ့သည်​မိမိညီကိုပို၍ဦးစား​ပေးမိသည်​...။

ထို့​နေ့က​မေ​မေ့​ဘေးနားရှိမ​နေ​ပေးနိုင်​သည့်​​အ​ဖေဖြစ်​သူအားArika​ဒေါသထွက်​မိပါ​သော်​လည်း အမှန်​ဆို မိမိသည်​လည်းရှိမ​နေ​ပေးနိုင်​သည့်​သူပင်​မဟုတ်​ပါလား??မိမိသည်​လည်း Tadatsu၏အမုန်းအားခံရသင့်​​ပေသည်​..။သို့​သောလည်း ဆယ်​နှစ်​အရွယ်​ထို​က​လေး​လေး၏အမုန်းထဲတွင်​မိမိပါမ​နေ​ချေ...။
အ​ဖေဖြစ်​သူကိုသာပို၍မုန်း​နေ​လေသည်​...။ထိုအချိန်​မှစ၍ ညီဖြစ်​သူအားပို၍အလိုလိုက်​ရန်​မိမိဆုံဖြတ်​ချက်​ချခဲ့သည်​....။

ယခုပွဲအားလည်း ငြင်းမည်​ဟုသာArikaထင်​ထားသည်​...သို့​သော်​လည်း ကြားရသည့်​အ​ဖြေသည်​မိမိအားအံအားသင့်​​စေသည်​...

" သွားကြတာ​ပေါ့ တကယ်​ဆိုငါတို့ဘာကိုမှဖုံးကွယ်​မထားသင့်​ဘူး​လေ_ ​တောင်းပန်​ပါတယ်​ ငါ့​ကြောင့်​မင်းကိုပင်​ပန်း​စေခဲ့တယ်​_!!"

'တကယ့်​ကိုမိမိ၏ ညီသည်​အရွယ်​​ရောက်​​နေ​လေပြီ´ဟုသာ​တွေး၍ထိုသူ၏အ​ဖြေအားသ​ဘောတူလိုက်​သည်​...။

" ဒါဆိုငါ ပါးကိုဖုန်းဆက်​လိုက်​​တော့မယ်​ ​သေချာတယ်​ဒီလူအိုကြီး​တော့ အ​ပျော်​လွန်​​နေ​တော့မယ်​ဆိုတာ!!_"

ထို့​နောက်​ဖုန်းcallတစ်​ခါုအားနှိပ်​လိုက်​သည်​...။

မိမိ၏အ​ပြောဆုံးသည်​​နှောက်​တွင်​​​တော့ တစ်​ဖက်​မှလူ၏အသံသည်​တုန်​ယင်​​နေမှုတို့ဖြင့်​သာ ဝမ်းသာ​ကြောင်းဆိုလာသည်​...။

သေချာပါသည်​ ဖုန်းကျသွားလျှင်​​တော့ ထိုသူသည်​ပြင်းထန်​စွာငို​နေ​လေ​တော့မည်​...။

ညီဖြစ်​သူ၏နာကျဉ်းမှု​ကြောင့်​ မိမိမ​ပြောပါ​သော်​လည်း ထိုသူ၏မိမိတို့အ​ပေါ်သူမတူသည့်​​မေတ္တာအားခံစားမိ​ပေသည်​...။
ဖုန်းချလိုက်​​လေ​တော့ ထပ်​မံကြားရသည့်​ညီဖြစ်​သူ၏စကား​ကြောင့်
Arikaမျက်​လုံးပင်​ထပ်​မံပြူးရပြန်​သည်​.....။
တစ်​ခါတစ်​ခါ​တွေးမိသည်​က ထိုသူသည်​မိမိ၏ညီပင်​ဟုတ်​ပါ​လေစ..။

Devil System(U+Z)Where stories live. Discover now