Arc1-10

5.5K 560 6
                                    

လက်​ထပ်​မယ်​တဲ့လား Sani.....ငါဒီ​လောက်​ချစ်​တာကို​တောင်​ဂရုမစိုက်​ပဲ.....​နောက်​ဆုံး​တော့မင်းကလက်​ထပ်​​တော့မယ်​​တဲ့လား.....ရတယ်​​လေ...မင်းကအဲ့​လောက်​လက်​ထပ်​ချင်​​နေမှ​တော့....လုပ်​​ပေးရမှာ​ပေါ့......။

မျက်​နှာ​ပေါ်ကမနာလိုမှုကိုဖုံးကွယ်​ကာ​ဝရံတာမှာရပ်​​နေ​သောချစ်​ရသူဆီအပြုံးနှင့်​လာလိုက်​သည်​.......။

" Sani!"

ခေါ်သံကြားလို့လှည့်​ကြည့်​လာ​သော်​လည်း......​မျှော်​လင့်​ထား​သောသူမဟုတ်​၍ထင်​၏........ချက်​ချင်း​ပြုံး​နေရာမှတည်​သွား​သောသူမ........။

သူမ၏အပြုအမူကိုဂရုမစိုက်​ပဲမိမိ​ပြောချင်​တာသာ​ပြော၍ထွက်​လာခဲ့လိုက်​သည်​......။

" မင်းတို့မင်္ဂလာပွဲကိုဂုဏ်​ပြုပါတယ်​......ပြီး​တော့ငါ့အမှား​တွေလဲသိပါပြီ......မင်းကို​လာ​တောင်းပန်​တာပါ...Adamကို​တော့ကိုယ်​​တောင်းပန်​ပြီးပါပြီ...."

ထွက်​သွားခါနီးဆိုလာ​သောသူမ၏စကားသံ......။

" ​ကျေးဇူးတင်​ပါတယ်​Orchat...ပြီး​တော့ငါလဲ​တောင်းပန်​ပါတယ်​."

ကျောခိုင်းထား​သော​ကြောင့်​မိမိမျက်​နှာမှအပြုံးကိုမြင်​မည်​မထင်​.....

စကားပြန်​မ​ပြောပဲသူမမြက်​​စေရန်​​ခေါင်းသာငြိမ့်​ပြခဲ့လိုက်​သည်​........။

*****************************************

ဝရံတာတွင်​လ​​ရောင်​ကိုကြည့်​​နေတုန်း......ကြားလိုက်​ရ​သောအသံ​ကြောင့်​.....Adamထင်​၍အပြုံးဖြင့်ဆီးကြိုးလိုက်​​သော်​လည်း...ထင်​ထားသူမဟုတ်​ပဲ.....Orchat.....
'ဘာလာရှုပ်​ပြန်​ပြီလဲ'ဟုစိတ်​ထဲတွင်​​တွေးလိုက်​သည်​........။

သို့​သော်​မ​မျှော်​လင့်​ထား​သောထိုသူ၏​တောင်းပန်​သံ........။

အမှားကိုသိပြီဟု​စိတ်​ထဲ​တွေး၍.....မိမိလဲသူ၏စိတ်​ကို​ကျေးဇူးတင်​မိလိုက်​သည်​.....ပြီး​တော့....သူ့ရဲ့အချစ်​အတွက်​လဲ​တောင်းပန်​မိ​လေသည်​.......။

မိမိကို​ကျောခိုင်းထား​သောသူက​ခေါင်းသာငြိမ့်​ပြ၏........။

Devil System(U+Z)Where stories live. Discover now