Arc8-10

1.3K 179 2
                                    

Zawgyi

Ameliaမိမိ၏နာကျင်​မှုကို​ပျောက်​​စေရန်​ ​ရေခံယဲဂူ၌ပိတ်​​လှောင်​ကာကျင့်​ကြံရ၏..သို့​သေည်​ထိုအ​အေးဒဏ်​သည်​မိမိအားမထိခိုက်​​စေပဲမိမိ၏အစွမ်းကိုပို၍တိုးမြှင့်​​ပေးနိုင်​သည်​...

နတ်​ဘုရားအဖြစ်​ရှင်​သန်​လာ​သော်​လည်း အ​မှောင်​ဆန်​သည့်​ထိုအ​အေးဒဏ်​သည်​မိမိနှင့်​အတူ​ပေါ်လာသည့်​တစ်​ခုတည်း​သောအရာပင်​ တစ်​ခြား​သောနတ်​ဘုရားတို့ဤ​နေရာသို့လာလျှင်​စွမ်အားဆုံးရှုံးကာပျက်​စီး​စေ​သော်​လည်း မိမိအတွက်​​တော့ စွမ်းအားများကိုပို၍တိုးတက်​​စေနိုင်​သည့်​အစွမ်းရှိ​သည်​....

သို့​သော်​လည်း ယခုတွင်​​တော့မိမိ၏နာကျင်​မှုသည်​တစ်​ခုခုကိုလိုအပ်​​နေဟန်​ _

သူမမျက်​လုံးအားဖွင့်​လိုက်​ပြီး​နောက်

' Lindaဘာ​တွေလုပ်​​နေတာလဲ??_´

အ​တွေးထဲ​ရောက်​လာသည့်​မိမိ၏ကိုယ်​ပွားဖြစ်​သည့်​Linda၏
အ​တွေးတို့..

ထို့ပြင်​မိမိ​ရှေ့ တနည်းမိမိမဟုတ်​သည့်​Linda​ရှေ့တွင်​ရပ်​​နေသည့်​မျက်​ဝန်းပြာတို့
ဖြင့်​သူတစ်​ဦး..ထို့ပြင်​ထိုသူ၏ကိုယ်​၌ထွက်​​ပေါ်​နေသည့်​အ​ငွေ့အသက်​တို့ ...

'ထပ်​ပြီး​ရွေးချယ်​ခံရတဲ့လှပခြင်းနတ်​ဘုရားကသူလား_!!´

အရာအားလုံးကိုလုပ်​​နေသည့်​သူမှာသူမဟုတ်​ပါ​သော်​လည်း Lindaလုပ်​ကိုင်​သမျှအားမိမိလုပ်​​နေသကဲ့သို့ပင်​..

'မှတ်​ဥာဏ်​​ဖျောက်​တာ??_´

သူမLinda​၏လက်​ထဲမှအပြာရင့်​​ရောင့်​အ​ငွေ့အသက်​တစ်​ချို့ကို
ကြည့်​၍ Ameliaသက်​ပြင်းချလိုက်​ရ၏...

ထို့​နောက်​မိမိသည်ပုံရိပ်​​ယောင်​တစ်​ခုအဖြစ်​​ပြောင်းကာ သူမထံသို့သွားလိုက်​​လေသည်​..

" နင်​ဘာလုပ်​လိုက်​တာလဲ Linda _"

"" Oh..နင်​သက်​သာသွားပြီလား?? _"

" ငါ​မေးတာကိုပဲ​ဖြေပါ _"

" Ok​လေ..နင်​မရှိတဲ့အချိန်​ရုတ်​တရက်​ငါ့ရဲ့ခန္ဓာကိုယ်​ကတစ်​​နေရာကို​ရောက်​သွားတယ်​ ငါကဖြစ်​​ပေါ်လာတာမကြာ​သေးဘူးဆို​ပေမဲ့ နင်​နဲ့Lucasရဲ့စွမ်းအားတစ်​ချို့​ကြောင့်​ ငါအားလုံးကိုသိနိုင်​ခဲ့တယ်​ ဟက်​..နင့်​အစားစမ်းသပ်​ခံဘဝကိုသွားရတယ်​​လေ သူတို့ကအရူး​တွေလိုပဲ ငါကနင်​မဟုတ်​ဘူးဆိုတာကိုလုံးဝမသိကြဘူး
ဒါ​ကြောင့်​ ငါသွားမဲ့အချိန်​လူတစ်​​ယောက်​ကို​တွေ့တယ်​ ဒါ​ကြောင့်​သူ့ကိုငါအ​ပေးအယူတစ်​ခုလုပ်​လိုက်​တယ်​ ပထမ​တော့အ​ပျော်​ဆို​ပေမဲ့ ​နောက်​​တော့ ငါသိလိုက်​ရတာက အဲ့လူက
နင့်​​နေရာ အဲ ငါလဲနင်​ပဲဆို​တော့ ငါတို့​နေရာကိုယူချင်​တဲ့သူဖြစ်​​နေတယ်​​လေ ပြီး​တော့ ငါLucasကိုသ​ဘောကျတယ်​ သူကပါဘာလို့စမ်းသပ်​ခံဘဝကို​ရောက်​သွားလဲငါမသိ​ပေမဲ့​ပေါ့ ငါသူ့ကိုသ​ဘောကျတယ်​ ဒါ​ပေမဲ့Lucasကအဲ့​ကောင်​ကိုသ​ဘောကျတယ်​​လေ ဒါ​ပေမဲ့Lucasရဲ့အမုန်းကိုရ​အောင်​ငါလုပ်​​ပေးလိုက်​တယ်​ _"

Devil System(U+Z)Where stories live. Discover now