Arc7-9

2K 292 2
                                    

Zawgyi

" ပါး!!_"

မိမိတို့​ရောက်​သည်​နှင့်​ ထိုသူသည်​ဝမ်းသာစွာဖြင့်​ ကြိုဆိုလာသည်​...။
ထို့​နောက်​​နောက်​ဘက်​မှ ပါလာသည့်​Luggageများကိုကြည့်​ပြီး​နောက်​တွင်​​တော့ ထိုသူ၏အပြုံးသည်​မယုံကြည်​နိုင်​ခြင်းများစွာဖြင့်​ အ​မေး​ဆောင်​သည့်​အပြုံးများက​တောက်​​ပ​နေ၏....။

" ဒါ..ဒါက??_"

" သား​တွေကအ​ဖေအိမ်​မှာလာ​နေတာ ​မေးခွန်းများဖြစ်​​စေတာလား??_"

ထိုအခါတွင်​​တော့ ထိုသူသည်​ သူ၏သားနှစ်​​ယောက်​အားခုံတွင်​ထိုင်​​စေကာ အလုပ်​သမားများအား​ခေါ်ကာ အ​ပေါ်ထပ်​မှအခန်းအသီးသီဆီသို့ပို့​စေသည်​...။

" ​ဒါတကယ့်​ကို ဒီလူအိုကြီးကိုအံအားသင့်​​အောင်​လုပ်​လိုက်​တာပဲ..
ပွဲကိုတတ်​မဲ့အပြင်​ ဒီအိမ်​မှာ​နေပြီး​တော့ ဒီလူအိုကြီးကိုအထီးမကျန်​​အောင်​ဖန်​တီး​ပေးလိုက်​တာပဲ ငါ့သား​တွေတကယ်​ကိုကြီးလာပြီပဲ_!!"

" ​မွေး​နေ့မှာ​ပျော်​ရွှင်​ပါ​စေ! !_"

Tadatsuမူလလူ၏မှတ်​ဥာဏ်​ထဲ၌ကျန်​ခဲ့သည့်​အတိုင်းဆု​တောင်း​ပေးလိုက်​သည်​...။

အမှန်​ဆိုလျှင်​ယ​နေ့သည်​ထိုသူ၏​မွေး​နေ့ပင်​ ....။မူလTadatsuသည်​ ဖခင်​ဖြစ်​သူ၏​မွေး​နေ့အားသိ​သော်​လည်း ထိုသူ၏​မွေး​နေ့ပွဲတိုင်းတွင်​သွား​ရောက်​ခြင်းမရှိ​ပေ...။သို့​သော်​လည်း
ပန်းတစ်​စီးကို​တော့အမည်​မ​ဖော်​သူအဖြစ်​သာ​ပေးပို့​လေ့ရှိသည်​...။

မိမိစိတ်​ထဲတွင်​​တော့
' အ​ဖေ့ကိုမုန်းတီး​နေ​ပေမဲ့ ဂရုစိုက်​​သေးသား´ဟုသာ​တွေးလိုက်​သည်​....။ဆယ်​နှစ်​အရွယ်​က​လေးတစ်​​ယောက်​၏နာကျင်​မှုသည်​ မုန်းတီးသည့်​အ​ချိန်​ထိ​တော့မ​ရောက်​​သေး​ချေ....။

..............................................

ပွဲအတွင်းတွင်​​တော့ ဂုဏ်​ရှိန်​ကြီးမားသည့်​သူများသာပြည့်​နှက်​​နေသည်​...။အသီးသီးသည်​ ဟန်​ကျစ်​ရွှမ်း(Tadatsuနှင့်​Arikaအ​ဖေ)နှင့်​ရင်းနှီးသူများသာ...။တစ်ချို့သူများသည်​​တော့ ထိုသူများနှင့်​ပါလာသည့်​သူများဖြစ်​သည်​....။

Devil System(U+Z)Where stories live. Discover now