Arc2-6

5.5K 585 8
                                    

ယ​နေ့...ဇာတ်လိုက်...မိမိ​​အား​မွေးစားရန်​ကြိုးစားလျှင်....တတိယအကြိမ်​ဖြစ်​သည်​....။

ထိုသို့ကြိုးစားမှုကိုမိမိသ​ဘောကျသည်​.....။

လူတိုင်းကလွယ်​လွယ်​ရတာဆိုတန်​ဖိုးမထားချင်​ကြဘူးတဲ့.....။
မူလဇာတ်​လမ်းကလွယ်​လွယ်​ရခဲ့သည့်​အတွက်​....Sinအားသူမမြင်​ခဲ့ခြင်း........။

ထို့​ကြောင့်​လဲဇာတ်​လိုက်​မ၏နှိပ်​စက်​မှုတို့ကိုခံ​နေရသည့်​Sinအားသတိမထားခဲ့မိ​ချေ.....။

မိမိအံသြသည်​......မိမိကိုချစ်​​နေသည့်​လူတစ်​​ယောက်​၏ချစ်​ခြင်း​တွေကိုမမြင်​ရ​လောက်​​အောင်​ဇာတ်​လိုက်​ကတုံး​နေသည်​လား....ဒါမှမဟုတ်​Sinကိုယ်​တိုင်​ကဇာတ်​လိုက်​မြင်​​အောင်​မပြတတ်​ခဲ့တာလား.....ထိုသို့​သောလျှို့ဝှက်​မှုအား.....ဇာတ်​လိုက်​မကမည်​သို့သိသနည်း.......။

ရိုးရှင်းပါသည်​....ဇာတ်​လိုက်​ရဲ့​မွေးစားမှုကိုခံထားရပြီး​နောက်​ပိုင်း​ငွေ​ကြေးကသာအ​ရေးကြီး​သောဇာတ်​လိုက်​အဖို့​တော့....Sinအားဂရုမစိုက်​နိုင်​ခဲ့​ပေ.....။

ထိုအချိန်​Sinဘာလုပ်​ပါသလဲ.....။
သူလုပ်​သည်​ကမည်​သူိ့ငုမှ​ပြောမရသည့်​သူ၏ခံစားမှုအားနား​ထောင်​သူတစ်​ဦးအား...​ပြောပြရန်​သာ......။

သို့​သော်​လည်း.....မည်​သူမှသူ့၏ခံစားချင်​တို့အားနား​​ထောင်​မ​ပေး​ချေ...။

ထို့အတွက်​....ဒိုင်​ယာရီစာအုပ်​​လေးသည်​သာသူ၏အ​ဖော်​ဖြစ်​ခဲ့သည်​.....။

ကံ​ကောင်းသည်​လားကံဆိုးသည်​လား.....ထို​နေ့ကဇာတ်​လိုက်မအားအလုပ်နှင့်​ပတ်​သက်​​သောဖိုင်​တစ်​ချို့လာယူသည့်​အချိန်​....Sinသည်​လည်းသူ၏ခံစားချက်​ဒိုင်​ယာရီ​လေးအားဇာတ်​လိုက်​ကို​ပေးကာဖွင့်​​ပြောမည့်​အချိန်​........။

ဇာတ်​လိုက်​မသိလိုက်​ရပဲ.....သိသွားသူကဇာတ်​လိုက်​မ.......။

နောက်​ပိုင်းဇာတ်​လိုက်​မဘာလုပ်​ပါမည်​လဲ.....သူမလုပ်​သည်​ကSinကိုတိတ်​တဆိတ်​နှိပ်​စက်​ရန်​သာ.....။

ရိုးအလွန်းသည့်​Sinသည်​ဇာတ်​လိုက်​မ၏နှိပ်​စက်​မှုအားမည်​သူ့ကိုမှမ​ပြောရဲခဲ့​ချေ.....။

Devil System(U+Z)Where stories live. Discover now