Arc6-3

2.9K 336 0
                                    

Zawgyi

" အမတ်​ချုပ်​ကြီး လိုချင်​တာရ​တော့ ​ကျေနပ်​သွားပြီးလား...."

" ​အော ...ဘယ်​သူများလဲလို့...အိမ်​​ရှေ့စံပါလား.."

" အမတ်​Immကို ထုတ်​လိုက်​တာ အမတ်​ချုပ်​ကြီးလက်​ချက်​မလား.."

" ကျွန်​​တော်​ ကသာမန်​အမတ်​တစ်​ဦးပါပဲ..ဘယ်​လိုလုပ်​ပြီး အခုလို​တွေလုပ်​နိုင်​မှာလဲ...အာဏာကအိမ်​​ရှေ့စံဆီမှာရှိတာမဟူတ်​ဘူးလား.."

" ခင်​ဗျား.."

" ကိုယ်​ကာကွယ်​ချင်​တဲ့လူရှိလာပြီဆိုရင်​ အဲ့လူကိုကာကွယ်​ဖို့ အာဏာအလုံအ​လောက်​ရှိဖို့လိုတယ်​....​လမ်း​ဘေးကသူ​တောင်းစားလိုလူတစ်​​ယောက်​က သူ့ရဲ့ခွက်​ကိုကာကွယ်​ချင်​သလို အလုခံရတိုင်း ပိုက်​ပြီးကာကွယ်​ရုံနဲ့မရဘူး​လေ...အခုအိမ်​​ရှေ့စံမှာ​ပြောစရာမရှိ​တော့ရင်​...ခွင့်​ပြုပါအုံး.."

Han Hyeongဘာမျှ​ပြောစရာမရှိ​တော့သည့်​သူတစ်​ဦးနှယ်
မိမိ​ရှေ့မှထိုသူထွက်​သွားသည်​ကိုသာကြည့်​​နေလိုက်​သည်​......။

အတန်​ကြာ​တွေး​တောမှုတို့၏​နောက်​တွင်​​တော့ နှုတ်​ခမ်းထက်​၌​ပေါ်လာသည့်​အပြုံးတို့အား​တော့ ထိုထွက်​သွားသည်​မမြင်​လိုက်​ပါ​ချေ.....။
................................................................

" မင်းဆက်​လုပ်​ဖို့ယုံကြည်​ချက်​​ရောရှိရဲ့လား Kim.."

" သခင်​ကြီး​ပေးအပ်​တဲ့ တာဝန်​ကိုအဆုံးထိလုပ်​သွားနိုင်​မယ့်​ယုံကြည်​ချက်​ရှိပါတယ်​..."

" ဒါဆိုလဲ အဆင်​​ပြေတာ​ပေါ့ နန်းတွင်းထဲမှာငါ့ရဲ့လူယုံ​တွေများတယ်​ဆို​ပေမဲ့ ကိုယ့်​ရဲ့ အရင်းနှီးဆုံးလူကကိုယ့်​လူဖြစ်​လာတယ်​ဆိုတဲ့ ခံစားချက်​...ommm..ဘယ်​လို​ပြောရမလဲ  ဘာပဲဖြစ်​ဖြစ်​ ကြိုဆိုပါတယ်​ Kim."

" သခင်​ကြီးယုံကြည်​ချက်​မ​ပျောက်​​စေရပါဘူး...​ပြောစရာမရှိ​တော့ရင်​ကျွန်​​တော့်​ကိုခွင့်​ပြုပါအုံး...."

" ငါ့လက်​ထဲကထွက်​သွားဖို့ ​တွေးခဲ့ဖူးလား Kim???"

အ​ပေါက်​ဝသို့ဦးတည်​​နေသည့်​​ခြေလှမ်းတို့သည်​ ထို​မေးခွန်းတို့ကြားရပ်​တန့်​ကုန်​၏.....။
ထို့​နောက်​ ထို​မေးခွန်းပိုင်​ရှင်​ရှိရာသို့ Kimပြန်​လည်​ဦးတည်​လိုက်​သည်​....။

Devil System(U+Z)Where stories live. Discover now