Real Life-15

1.2K 111 11
                                    

Zawgyi

" ​တွေ့ရတာဝမ်းသာပါတယ်​ Mr.Yuan!_"

" သက်​​တောင့်​သက်​သာ​နေပါ Ms.Floya_!"

တစ်​ဖက်​လူကိုလက်​ဆင့်​ကမ်းကာပြုံးလိုက်​ရင်း ထိုသူကိုသက်​​တောင့်​သက်​သာဖြစ်​​စေရန်​ Yuanခွင့်​ပြု​လေ၏..
သူမသည်​ မည်​မျှပင်​မိန်းမသားတစ်​ဦးဟုဆို​နေပါ​စေ ထက်​မြတ်​လွန်းသည့်​သူမကိုမိမိသ​ဘောကျမိသည်​..

" ခင်​ဗျားတို့ဘက်​ကကမ်းလှမ်းထားတဲ့အဆိုပြုချက်​ကိုကျွန်​​တော်​ကြည့်​ထား​သေးတယ်​ ခင်​ဗျားရဲ့အ​တွေးအ​ခေါ်ကိုလဲကျွန်​​တော်​သ​ဘောကျတယ်​ မိန်းမသားတစ်​ဦးကအခုလိုဦး​ဆောင်​နိုင်​တဲ့အ​ပေါ်ကျွန်​​တော်​ဂုဏ်​ယူတယ်​ _ဒါ​ကြောင့်​| အခုလိုကျွန်​​တော်​နဲ့စပ်​တူလုပ်ချင်​တဲ့သူ​တွေထဲက​နေခင်​ဗျားကို​ရွေးချယ်​ခဲ့တာ _"

" ​ကျေးဇူးတင်​ပါတယ်​ _"

' ​ဒေါက်​ ​ဒေါက်​!_'

တံခါး​ခေါက်​သံအဆုံးဝင်​လာသည့်​မိန်းက​လေးအားFloyaတစ်ဖြစ်​လဲ ​ဒေါ်လွန်းအိမ်​စည်​သည်​ ကြည့်​​နေမိသည်​.သူမသည်​ယခုရှိမည့်​ရှိမိမိတူမဖြစ်​သူနှင့်​ရွယ်​တူသာဖြစ်​​ပေမည်​...

သူမသည်​​တော့သူ့အားရှိသည်​ဟုမထင်​​ချေ...အခန်းထဲဝင်​လာသည်​နှင့်​အ​ရှေ့မှလူဆီသို့သွားကာ ထိုသူ့ရင်​ခွင်​ထဲသို့ဝင်​ကာမျက်​လုံးကိုမှိတ်​လျက်​ချွဲ​နေ​လေသည်​...

အတန်​ကြာမှမျက်​ဝန်းကိုဖွင့်​လာကာမိမိကိုကြည့်​ပြီး..
" အို...sorry လူရှိ​နေတာကိုမသိလိုက်​ဘူး..ကိုကို မိတ်​ဆက်​မ​ပေးဘူးလား?_"

သူမသည်​အစတည်းကရှိ​နေသည့်​မိမိကိုမသိပဲယခုမှမြင်​သည့်​ပုံဖြင့်​မျတ်​ဆက်​ရန်​ဆိုလာ၏..မိမိတူမဖြစ်​သူနှင့်​သူမသည်​ကွယ်​တူသာရှိ​ပေအုံးမည်​..မည်​မျှပင်​နိုင်ငံခြားသူအသွင်​ဖြစ်​​နေပါ​စေ..သူမပုံစံသည်​မြန်​မာမိန်းက​လေးတစ်​ဦးပင်​...​ဒေါ်လွန်းအိမ်​စည်​ ​ခေါင်းကိုအနည်းငယ်​ခါလိုက်​ပြီး ​ရှေ့မှသူနှစ်​ဦးအားမျက်​ကွယ်​ပြုရန်​သာဆုံးဖြတ်​လိုက်​သည်​....
ထို့​နောက်​တွင်​​တော့ တစ်​ဖက်​မှမိတ်​ဆက်​သံကထိုစကားဝိုင်း၏တိတ်​​ဆိတ်​မှုအားဖြိုခွဲလိုက်​သည်​...

Devil System(U+Z)Where stories live. Discover now