Arc6-4

2.8K 348 4
                                    

Zawgyi

Min Hwan စ​ရောက်​သည့်​အချိန်​တည်းမှစ၍ Kim၏မျက်​နှာမသာမယာဖြစ်​မှန်းသိသည်​....။

ထို့အတွက်​​ကြောင့်​လဲ တစ်​ခြား​သောသူများနှင့်​သာစကား​ပြော​နေပြီး သူ့အားလှည့်​မကြည့်​ခြင်းသာ...။

" Kim အဆင်​​ပြေရဲ့လား..မ​ပြေရင်​လဲ အပြင်​မှာထွက်​​စောင့်​​နေ​လေ....ဒီ​ရှေ့နားမှာ စား​သောက်​ဆိုင်​​လေးရှိ​တော့ နားနား​နေ​နေသွား​နေ​ပေါ့.."

"ဟုတ်​ကဲ့ အဲ့ဒါဆိုလဲခွင့်​ပြုပါအုံး..."

Kimထွက်​သွားသည်​ကိုကြည့်​၍ Min Hwanပြုံးလိုက်​သည်​...။
" အမတ်​ချုပ်​ကြီး ကိုကြည့်​လိုက်​ရင်​​တော့ ဒီရက်ပိုင်းေ​​​တွမှါအမြဲပြုံး​နေတာပဲ....ဘာလဲ..​ကောင်​မ​လေး​တွေ​တွေ့​နေပြီများလား..ဒီအရွယ်​လဲ​ရောက်​​နေပြီ ...ကိုယ်​ရဲ့ ​ဆေး​ပေး​ဖော်​​လေး​တော့ရှိသင့်​ပြီမဟုတ်​ဘူးလား...."

" ဟုတ်​တာ​ပေါ့...ဟား..ဟား..ဟားဟား "

'ဒုန်း..´

အမတ်​တို့၏​မေးမြန်းသံအပြီးတွင်​​တော့ ထွက်​သွား​သေးပုံမရ​သေးပဲ အင်​တင်​တင်​လုပ်​​နေသည့်​ သူမှ တံခါးအား​ဆောင့်​ပိတ်​ကာထွက်​သွား​လေသည်​...။

' စိတ်​ထိန်းတာ​အုံး​ပေါ့Kimရာ..အချိန်​မတန်​​သေး​တော့..အခု​ပျော်​စရာ​လေး​တွေသွားဆင်​နွှဲလိုက်​ပါအုံး....´

Min Hwanထွက်​သွားသည့်​ အသက်​ငယ်​ငယ်​​ကောင်​​လေးအားကြည့်​၍စိတ်​ထဲမှ​ရေရွက်​မိသည်​...။

ထို့​နောက်​တွင်​​တော့...

" မလုပ်​ပါနဲ့ဗျာ..ဒီအရွယ်​လဲ​ရောက်​​နေပြီ..​အေး​ဆေး​နေပါရ​စေ...ထူးထူးဆန်းဆန်း ​တွေလုပ်​မ​နေ​တော့ပါဘူး.."

" ဟာ..ထူးဆန်းတယ်​ တဲ့လားဗျာ..အမတ်​ချုပ်​ကြီးထက်​ငယ်​တဲ့ကျုပ်​​တောင်​ သားက​တော်​​တော်​အားကိုးရ​နေပြီကို....ဘာလဲ ကျုပ်​တို့ကြား​နေတဲ့သတင်းမှန်​တာ​တော့မဟုတ်​ဘူးမလား..."

Min Hwan မည်​သည်​ကို ဆိုလိုသည်​မှန်းရိပ်​မိ​သော်​လည်း...စကားကိုသာလွှဲ​ပြောလိုက်​၏.....။

Devil System(U+Z)Where stories live. Discover now