Real Life-10

1.1K 130 10
                                    

Zawgyi

အရှိန်​​တောက်​ပစွာတည်​ရှိ​နေသည့်​​ကောင်းကင်​မှ​နေမင်းသည်
တ​ဖြေး​ဖြေးအ​နောက်​ယွန်းယွန်းဆီသို့ဝင်​သွား​ချေပြီ....

စား​သောက်​ဆိုင်​တွင်​ထိုင်​လျက်​နာရီကိုကြည့်​လိုက်​အပြင်​ဘက်​ကို​မျှော်​လိုက်​ဖြစ်​​နေသည့်​သူမသည်​​တော့လွန်​စွာကိုမှသိပ်​မရှည်​​တော့​ပြီဖြစ်​သည်​..
ဆိုင်​အဝင်​ဝမှတံခါးဆွဲသံကြားလျင်​လှည့်​ကြည့်​ရသည်​မှာလဲအ​မော..

" ဒါ​ကြောင့်​​မေ​မေ့ကို​ပြောပါတယ်​ ကိုကို့ကိုမ​ယုံပါနဲ့ဆို_"

ဖုန်းတစ်​ဖက်​မှမိခင်​ဖြစ်​သူသည်​​တော့ရယ်​လျက်​သာ...

" သမီးပဲကိုကို့ကိုကြိုခိုင်းဆို...ပြန်​လာတတ်​ရဲ့သားနဲ့အစ်​ကိုကိုအနိုင်​ကျင့်​ချင်​လို့လုပ်​​နေတာမလား.အခု​တော့ဘယ်​နှယ့်​ရှိစ??_"

" အာ​မေ​မေကလဲ!! မသိဘူးကွာ...သူမလာမချင်း​စောင့်​​နေမှာ​နော်
မိုးချုပ်​လို့တစ်​​ယောက်​​ယောက်​ကရိသဲ့သဲ့လာလုပ်​က​တော့ကိုကို့ကို​ရော​မေ​မေ့ကို​ရောတစ်​သက်​လုံးစိတ်​ဆိုးမှာ _"

" အမ​လေးမယ်​မင်းကြီးမရယ်​ လာပါလိမ့်​မယ်​ ​စောင့်​အုံး..​နောက်​တစ်​ရက်​ဆို​မေ​မေလဲပြန့​ရောက်​ပြီဆို​တော့သမီးအစ်​ကိုကိုလဲဂရုစိုက်​ဖို့​ပြောထားအုံး_"

ဝင့်​ဝါချိုနှုတ်​ခမ်းကိုဆူလျက်​ ဆိုင်​အ​ရှေ့သို့​ရောက်​လာသည့်​ကားတစ်​စီးဆီသို့ကြည့်​မိ​လေသည်​..

'​သေချာ​ပေါက်​ကိုကို့ကားပဲ_"

စိတ်​ထဲမှ​ရေရွတ်​ရင်းကားထဲမှဆင်းလာမည့်​သူအား​​မျှော်​လင့်​​နေမိသည်​...

ခဲနက်​​ရောင်​စပို့ရှပ်​အားအဖြူ​ရောင်​​ဘောင်းဘီရှည်​နှင့်​တွဲဝတ်​ထားကာ
တည်​ငြိမ်​သည့်​ပုံစံဖြင့်​ဆင်းလာ​လေသည်​....
ထိုစတိုင်​ကျလှသည့်​အစ်​ကိုဖြစ်​သူအားကြည့်​ရင်းသ​ဘောကျမိ​သော်​လည်း ​ဘေးမှလူတစ်​​ယောက်​ပါထပ်​၍ဆင်းလာ​သော​ကြောင့်
စိတ်​တို့ကက​တောက်​ကဆဖြစ်​ရပြန်​သည်​...

Devil System(U+Z)Where stories live. Discover now