Arc8-12

1.3K 165 10
                                    

Zawgyi

" မ​တွေ့တာကြာပြီ​နော်​ကိုကို _"

Astero​နောက်​​ကျောဆီမှကြားရသည့်​မိန်းမငယ်​​လေးအသံ​ကြောင့်
သူမထံသို့လှည့်​ကြည့်​လိုက်​သည်​...

ယခုမိမိ​ရောက်​​နေသည့်​​နေရာသည်​ အရင်​ကသူမမိမိအားဆက်​သွယ်​ပြီး​တွေ့သည့်​အချိန်​ကပင်​..
ထိုအချိန်​ကသူမ၏နာကျင်​စွာ​အော်​ဟစ်​လာပြီး​နော်​ဤ​နေရာသည်
ပျောက်ကွယ်​သွားပြီးမိမိလဲမူလ​နေရာသို့​ရောက်​လာခဲ့သည်​..

မိမိသည်​ယခုအချိန်​မိမိ​ရောက်​ရှိ​နေသည့်​အ​ကြောင်းအရင်းနှင့်​အရာအားလုံးနီးပါးအားမှတ်​မိ​နေ​​ပေသည်​..အရင်​ကမိမိမည်​သည်​ကိုမှမမှတ်​မိ၍မိမိအားသူမမိမိအား​ခေါ်နိုင်​​ပေသည်​..တနည်း မိမိ၏အ​တွေးထဲ၌ဖြစ်​သည်​..

ယခုအချိန်​သည်​​တော့ထိုနည်းကဲ့သို့မဟုတ်​​ပေ..သူမသည်​မိမိ၏အ​တွေးထဲသို့​ရောက်​​နေသည့်​တိုင်​ ဤအရာအားလုံးသည်​မိမိကိုယ်​တိုင်​ခွင့်​ပြုထားခြင်းသာ..

သူမသည်​လှပခြင်းနတ်​ဘုရားမဟုမည်​မျှပင်​ဆို​စေကာမူ မိမိနှင့်​သူမသည်​ဆန့်​ကျင့်​ဘက်​စွမ်းအားရှင်​များသာ..ထို့အတွက်​​ကြောင့်​ သူမအစွမ်းသည်​မိမိကိုတိုက်​ခိုက်​ရန်​အထူးသဖြင့်​မိမိအထိ​နာ​စေမည့်​အ​ကြောင်းအရာတို့အားအမှန်​တကယ်​ကိုမလုပ်​နိုင်​​ပေ...

" မင်းငါ့ဆီထပ်​လာပြန်​ပြီလား??_"

" ကိုကိုက ညီမ​လေးရှိတဲ့​နေရာ​ရောက်​​နေတာပဲ​လေ _!ကိုကို့ကိုလာမ​တွေ့လို့ဘယ်​သူ့ကိုသွား​တွေ့ရမလဲ??_"

" ​ကျေးဇူးတင်​ပါတယ်​ ဒါ​ပေမဲ့အဲ့အချိန်​​တွေကပြီးခဲ့ပြီ​လေ အခုကမင်းကငါ့ညီမအဖြစ်​နဲ့ရှိ​နေတာမဟုတ်​ဘူး..ဒီ​တော့အခုလို​တွေ​တွေ့စရာမလိုဘူးမလား ??_"

" oh..​သေချာတာ​ပေါ့ _ဒါ​ပေမဲ့လည်း​မောင်​နှမမဟုတ်​​တော့ရင်​​တောင်​အခုချိန်​ကစွမ်းအားတူတဲ့သူ​တွေအဖြစ်​တည်​ရှိ​နေတာပဲမဟုတ်​လားကိုကို အယ်​..Astero!!_"

" အခု​တော့ဒီ​လောက်​နဲ့နှုတ်​ဆက်​ကြတာ​ပေါ့ _"

Asteroသူမကို​ပြောပြီး​နောက်​တွင်​​တော့သူမ၏​နောက်​ဆက်​​ပြောလာမည့်​စကားကိုပင်​မ​စောင့်​​တော့ပဲလက်​​ကိုအနည်းငယ်​​ဝေ့လိုက်​ပြီးသူမ​အ​ရှေ့မှ​ပျောက်​ကွယ်​​စေလိုက်​၏...

Devil System(U+Z)Where stories live. Discover now