Arc7-4

2.2K 306 8
                                    

Zawgyi

" မင်း​ပြော​တော့လုံးဝမလာဘူးဆို...အခုလို​ရောက်​လာမယ်​ဆိုရင်​ အနည်း​ဆုံး​တော့ ငါ့ဆီကိုဝင်​လာရမှာ​ပေါ့.."

ရှန်းစီနျန်​ မိမိ ထိုသူနှင့်​မ​တွေ့ရန်​အတတ်​နျုင်​ဆုံး​ရှောင်​​နေ​သော်​လည်း..မည်​သည်​ကသတင်းရသွားသည်​မသိ...သူ၏အတွင်​​ရေးမှူးမှတဆင့်​ မိမိအား လာ​တွေ့​စေရန်​မှာလိုက်​သည်​..။

ယခုသည်​​တော့ မိမိသည်​ မိမိ​ရှေ့မှလူ၏နားပူခြင်းကိုသာနား​ထောင်​​နေရ​တော့သည်​...။

" ဘယ်​သူ့လက်​ချက်​လဲ??_"

မိမိအ​မေးအဆုံးမှာ​တော့ မိမိအ​ဖေဆိုသူအပြင်​ ကျန်​သည့်​သူများပါ တိတ်​ဆိတ်​ကုန်​၏...။
သေချာတာ​ပေါ့ ထိုအထဲတွင်​မိမိအတွင်း​ရေးမှူးသည်​ထိပ်​ဆုံးက...

ထို့​နောက်​မိမိ၏အကြည့်​သည်​ မိမိအ​နောက်​မှ အတွင်း​ရေးမှူးထံ​ပေးပို့လိုက်​သည်​...။

'အခုမှ​ခေါင်းငုံ့မ​နေနဲ့....ပြန်​ရင်​အ​သေပဲ´ဆိုသည့်​အကြည့်​...ထို့နောက်​ချက်​ချင်းပင်​ ထိုသူသည်​အကြည့်​တို့သည်​ မူလကထက်​ပင်​​အောက်​သို့ငိုက်​စိုက်​သွားသည်​...။

" ​ပြောစရာမရှိ​တော့ရင်​ပြန်​ခွင့်​ပြုပါအုံး လူကြီးမင်းရှန်း_!!"

ရှေ့မှတိတ်​ဆိတ်​သွားသည့်​သူသည်​အ​တော်​တန်​ကြာအသံထွက်​မလာပဲ မိမိ၏သားဖြစ်​သူအား​ခေါင်းကိုသာငြိမ့်​ပြလိုက်​သည်​..။
မိမိစိတ်​ထဲ​တွင်​​တော့...
'ဒီသားကို​တစ်​ခါ​ခေါ်ရဖို့ဘာလို့အဲ့​လောက်​ခက်​ခဲရတာလဲ??_´

..........................................................................

[ host ဒီ​နေ့ထူးဆန်းတာ ​တွေ့ခဲ့တယ်​!!_]

[ထူးဆန်းတယ်​ လား??_]

မိမိအ​မေးအ​ပေါ် De၏အ​ဖြေသည်​ အံအားသင့်​​နေသကဲ့သို့ပင်​..။

[ဟုတ်​တယ်​ host..ကျွန်​​တော်​ systemအဖြစ်​ထမ်းရွက်​လာစဉ်​တစ်​​လျောက်​လုံးအဲ့လို​တွေမကြုံ​တွေ့ခဲ့ရ​ဖူးဘူး..ဒါ​ပေမဲ့တစ်​ခြား system​တွေဆီက​တော့ကြားဖူးတယ်​ ကျွန်​​တော့်​အတွက်​​တော့ ပထမဆုံးပဲ..]

Devil System(U+Z)Where stories live. Discover now