Arc7-2

2.3K 311 4
                                    

Zawgyi

Tadatsu တစ်​​ယောက်​ ကရန်​​ပြောလိုက်​​သော်​လည်း
'ငါ မကတတ်​ဘူး​လေ De _´

[စိတ်​မပူပါနဲ့..hostဒီကမ္ဘာကို​ရောက်​တည်းကအဲ့စွမ်းရည်​ကရှိ​နေပြီးသားပါ]

[အဲ့လိုလား..သင်​စရာမလိုပဲ တန်းရတယ်​​ပေါ့​လေ..]

အခန်းထဲသို့ပြန်​​ရောက်​လာသည့်​ မိန်းက​လေး​ကြောင့်​ 'ကရန်​အဆင်​သင့်​ဖြစ်​​နေပြီးဖြစ်​​ကြောင်း ဆိုလာ​လေသည်​...
ထို့​နောက်​ မိမိ အဝတ်​အစားတို့အားလဲပြီး....မိမိတို့အား​စောင့်​​မျှော်​​နေသည့်​လူအုပ်​များထံသို့.....။

ယခု​လော​လောဆယ်​မိမိအ​တွေးသည်​ ထိုပွဲပြီးသည်​​နှင့်​ Arika၏ကြုံ​တွေ့ရမည့်​ ကံကြမ္မာဆိုးအားပြင်​ဆင်​​ပေးရန်​...မိမိနှင့်​ဘာမျှမဆိုင်​​သော်​လည်း..မူလပိုင်​ရှင်​၏အစ်​ကိုတဖြစ်​လဲ
မိမိအား​သေ​စေခဲ့သူဖြစ်​​သော​ကြောင့်​..မိမိ၏တာဝန်​ပြီးရန်​ဆိုလျှင်​ Tadatsuမ​သေရန်​​ဆောင်​ရွက်​ရမည်​.....။

ထို့ အတွက်​​ကြောင့်​ ဦးစွာလုပ်​ရမည်​မှာ Arikaဇာတ်​လိုက်​မနှင့်​မ​တွေ့​စေရန်​...။

........................................................................

" မင်းကိုငါမ​ပြောခဲ့ဘူးလား??ဒီကိစ္စအတွက်​ မင်းတို့ဆီအ​ကောင်းဆုံး​တွေပဲ​ရောက်​လာမယ်​ဆိုတာ​လေ..."

ယခုအချိန်​သည်​ မိမိတို့တစ်​ဖွဲ့လုံး အဖွဲ့၏​မန်​​နေဂျာဖြစ်​သည့်​ အစ်​မရွဲ့​ဟွေ၏ ဆုံးမစကားနှင့်​ ​သြဝါဒတို့အား ကြိတ်​မှိတ်​ကာနား​ထောင်​​နေရသည်​...။

" အစ်​မရွဲ့​ဟွေ...ညီမတို့အ​ကောင်းဆုံး​ဖျော်​​ဖြေခဲ့တယ်​​လေ...ဒီကိစ္စကိုဆက်​မ​ပြော​ပေးလို့ရမလား...."

" ဟုတ်​တယ်​ အစ်​မအဲ့လို​တွေ​ပြောမှာသိလို့ Tadatsuသတိရရချင်းမှာပဲ ပွဲကိုအချိန်​မဆွဲပဲဆက်​လုပ်​ခဲ့တယ်​​လေ..ငါ​တော့ အဲ့ပွဲသာမလုပ်​ခဲ့ရင်​ ရလာမဲ့ အစ်​မရွဲ့​ဟွေရဲ့စကား​တွေကိုနား​ထောင်​ဖို့်​ ခံနိုင်​ရည်​မရှိ​လောက်​ဘူး..._"

အစ်​မဖန်းမိန့်​ ၏စကားကို သူမနှင့်​ရန်​အဖြစ်​ဆုံး ဖြစ်​သည့်​​အေးစက်​စက်​ ကွမ်​လျန်​ကပင်​​ထောက်​ခံလာ​လေသည်​..။တစ်​ခြားအချိန်​တို့အတွင်​တကျက်​ကျက်​ဖြစ်​တတ်​သည့်​ ထိုသူတို့နှစ်​ဦး၏အတည့်​ဆုံးအချိန်​ကိုပြပါဆိုလျှင်​ အစ်​မရွဲ့​ဟွေအား အပြစ်​​ပြောသည့်​အချိန်​ပင်​...။

Devil System(U+Z)Where stories live. Discover now