Arc7-10

2K 281 21
                                    

Zawgyi

" ကျွန်​​တော့်​ကို​ခေါ်တာဘာကိစ္စရှိလို့လဲ??_"

လေ့ကျင့်​​နေရင်းတန်းလန်းဖြင့်​မိမိအား​စောင့်​​နေသည့်​သူရှိသည်​ဟူ​သောစကား​ကြောင့်​ ထွက်​လာလိုက်​ပြီး​နောက်​​တွေ့ရသည်​ကနိုင့်​စစ်​လျန်​.._

ထိုသူသည်​မိမိအား​တွေ့သည်​နှင့်​ပြုံးပြလာသည်​..။

"ဒီလိုပုံစံနဲ့လည်းမင်းကလိုက်​တာပဲ_!!"

" လာတဲ့အ​ကြောင်းအရင်းကဒါ​ကြောင့်​​တော့မဟုတ်​ဘူးလား??_"

" ဒါ​ကြောင့်​ပဲ​ပေါ့ မင်းကိုလာ​တွေရုံပဲ...အရင်ကဆိုမင်းကိုလာ​တွေ့ဖို့ဘာမှခွင့်​​တောင်းစရာမလိုဘူး..ဒီလဘက်​မှာ​တော့ မင်းနဲ့ကိုယ့်​ကြားမှာကြားခံနယ်​​တွေကများတာပဲ.."

" တကယ်​ဆိုကျွန်​​တော်​သိချင်​တာ ခင်​ဗျားဘာလို့ ဒီအထိလိုက်​လာနိုင်​ပြီး အရင်​နဲ့မတူတဲ့ကျွန်​​တော့်​ကိုဘာကိစ္စမှတ်​မိ​နေရတာလဲ??_"

" မင်းကိုမှတ်​မိဖို့ကသိပ်​မခက်​ခဲပါဘူး မင်းရဲ့တစ်​ခြားသူနဲ့မတူတဲ့အမူအကျင့်​​တွေကကိုယ့်​ကို သတိထားမိ​စေတဲ့အရာ​ပေါ့ အထူးသဖြင့်​မင်းမျက်​ဝန်း​တွေ _"

ထိုသူသည်​​ပြောရင်းဖြင့်​ မိမိအနား​သို့တဖြည်းဖြည်းတိုးကပ်​လာကာဖြင့်​ စကားဆက်​ဆို​လေသည်​...။

" မင်းရဲ့အဲ့မျက်​ဝန်း​တွေက တကယ့်​ကိုဆွဲ​ဆောင်​မှုရှိတာ_ မင်းကိုယ့်​ကို​ပေးရမဲ့အ​ကြွေးအတွက်​​တော့ ကိုယ်​မင်းရဲ့အချစ်​ကိုရမှဖြစ်​မယ်​ မင်းဒီကို​ရောက်​​နေတာဘာ​ကြောင့်​ဆိုတာသိ​ပေမဲ့ ကိုယ့်​အတွက်​လဲကြည့်​​ပေးသင့်​တယ်​မလား_!!"

'ငါဘာ​ကြောင့်​​ရောက်​​နေတယ်​ဆိုတာပါသူကသိ​နေတာလား??_´

တဖြည်းဖြည်း တိုးကပ်​လာမှု​ကြောင့်​​နောက်​သို့ဆုတ်​ရင်းလဲကျသွားမည်​ဟုထင်​​သော်​လည်း ​နောက်​မှတစ်​စုံတစ်​ခု၏ထိန်း​ပေးမှု​ကြောင့်​ ရပ်​တန့်​သွားသည်​...။

" ရှန်းစီနျန်​ _!!"

မိမိအ​နောက်​မှထိုသူကိုကြည့်​ပြီး​နောက်​တွင်​​တော့ ​ရှေ့မှသူသည်​အလိုမကျသည့်​ပုံသို့​ပြောင်းသွားသည်​...။
မိမိပဲစိတ်​ထင်​သည်​ဟုသာ​တွေး၍ခါးကိုပြန်​မတ်​လိုက်​သည်​...။

Devil System(U+Z)Where stories live. Discover now