Arc3-4

5.2K 503 6
                                    

ချွမ်​...ချွမ်​...ချွမ်​......။

ပူပြင်းလှသည့်​​နေ​ရောင်​၏​အောက်​ဘက်​တွင်​ဓားကိုဝင့်​ကာ​လေ့ကျင့်​​ရေး​ဆင်း​နေသည့်​လူတစ်​ဦး......။

ထိုလူ၏ဦး​ဆောင်​မှုတို့အားလိုက်​နာ​နေသည့်​လူတစ်​စု......။

ဓား​ရေး​လေ့ကျင့်​​နေသည့်​ထိုလူငယ်​အား​စောင့်​ကြည့်​​​နေသည့်​လူတစ်​ဦးသည်​လည်းရှိသည်​........။

ပူပြင်းလှ​သေည​နေ​ရောင်​ခြည်​သည်​ထိုလူတစ်​စုအားကျီစယ်​​နေဟန်​.......ထို့ပြင်​ထွက်​​ပေါ်လာသည့်​​ချွေးစက်​တို့သည်​လည်းခန္ဓာကိုယ်​အနှံရှိ​နေပြန်​၏......။

ကျစ်​လစ်​မှုမရှိပဲ​သေးသွယ်​လွန်း​နေ​သည့်​ခန္ဓာကိုယ်​နှင့်​ကြည်​လင်​လှသည့်​မိုးပြာ​ရောင်​မျက်​ဝန်းတို့သည်​​ထွန်း​တောက်​​နေ​သော​နေ​ရောင်​နှင့်​အပြိုင်​​တောက်​ပ​နေ​သည်​........။

တဖြည်းဖြည်းဦး​ခေါင်းထက်​​ရောက်​လာသည့်​​နေမင်း​ကြောင့်​​လေ့ကျင့်​မှုကိုရပ်​နားလိုက်​​လေသည်​.......။

" ကြိုးစားလှချည်​လားစစ်​သူကြီးရဲ့.."

" အာ..အဲ့​လောက်​မဟုတ်​​သေးပါဘူး.ပြီး​တော့ရှင်​ဘုရင်​ကိုယ်​တိုင်​က​တောင်​ရာထူးမပပ်​နှင်းရ​သေးဘူး....အစ်​ကိုက​နောက်​​နေတာပဲ..."

" ဟာမ​နောက်​ရဘူးကွာ.....မင်းကစစ်​သူကြီးအ​လောင်းလျာ​လေးပဲ​လေ...ဒီကြားထဲမင်းဦး​ဆောင်​လာတဲ့တိုက်​ပွဲ​တွေကိုလဲကြည့်​အုံး.....ဒိ​လောက်​​တော့ရထိုက်​ပါတယ်​.."

" အစ်​ကိုဝမ်​စန်း....ကျွန်​​တော်​ကြိုးစားတယ်​ဆိုတာကကျွန်​​တော်​​ပျော့ညံတဲ့လူဆိုတဲ့နာမည်​ကြီးမရချင်​လို့...ပြီး​တော့...ကျွန်​​တော်​ကအိမ်​​တော်​မှာတ်း​ဦးတည်း​သော​ယောကျာင်္း​လေး​လေ..ဒီ​လောက်​ကတော့တတ်​သင့်​တာ​သေချာပါတယ်​.....ဘာမှပုံ​​သေသတ်​မှတ်​လို့မှမရတာ......."

ဝမ်​စန်းမိမိ​ရှေ့မှရင့်​ကျက်​လွန်းလှသည့်​ထို​ကောင်​​လေး​ကြောင့်​အရှူံး​ပေးရန်​သာ.....။

" ​အေးပါ....ငါရှုံးပါတယ်​...တစ်​​နေ့တစ်​ခြားမင်းကစကား​ရောတစ်​ခြားအရာ​တွေပါထူးချွန်​လာတာကိုယ်​တကယ်​သိပါတယ်​..."

Devil System(U+Z)Where stories live. Discover now