Arc3-8

4.2K 406 0
                                    

လ​ရောင်​ကြီး၏​အောက်​တွင်​ထိုင်​​နေသူတစ်​ဦး.....။
မင်​ဝမ်​ပင်​.......။
ထို​င်​​နေရင်းမှ​ဘေးသို့တစ်​ဦးတစ်​​ယောက်​​ယောက်​လာသည်​ဟူ​သောအ​တွေး​ကြောင့်​ကြည့်​လိုက်​​လေ၏........။

" အားရွယ်​.."

မျှော်​လင့်​ထားဟန်​မတူ​ချေ......။
အံသြသွားဟန်​မျက်​ဝန်းတို့ကလ​ရောင်​​အောက်​တွင်​ပိုမိုကြည်​၍​ကောင်း​နေ​လေသည်​......။

မည်​သည့်​အ​ကြောင်းအရာ​ကြောင့်​မိမိမသိ​ချေ.......။
ထိုမျက်​ဝန်းပြာ​လေးတို့အားမိမိနှစ်​သက်​သည်​......။မူလကအားရွယ်​သည်​မိမိငယ်​ငယ်​တည်းကမြတ်​နိုးရသည့်​ညီငယ်​​လေးမို့....ညီအစ်​ကိုသံ​ယောဇဉ်​ဟုသာ​တွေးခဲ့ရသည်​......။

သို့​သော်​မိမိနှင့်​​ဈေးလမ်း​လေး၌တိုက်​မိခဲ့သည်​​ကောင်​​လေးတစ်​ဦး.....။ထို​ကောင်​​လေးသည်​တစ်​ခုခုအားအလျင်​လို​နေဟန်​ဖြင့်​မိမိကိုပင်​ဂရုမစိုက်​နိုင်​ခဲ့​​ချေ..........။

ထို့​နောက်​ကျန်​ခဲ့သည်​​ကျောက်​စိမ်းဆွဲပြား​လေး​သည်​မိမိ၏မြတ်​နိုးဖွယ်​တစ်​ဦးတည်း​သောသူဟူ၍​ထောက်​ပြ​နေ၏......။

ယခု​နောက်​ပိုင်းတွင်​​တော့​တွေ့​လေစွဲလမ်းမိ​လေဖြစ်​ကာပိုင်​ဆိုင်​လိုစိတ်​တို့ကကြီးစိုး​နေ​လေသည်​......။

မည်​သို့​သောအစ်​ကိုမျိုးကညီ​လေးဟူသည့်​အ​တွေးဖြင့်​ပိုင်​ဆိုင်​ချင်​မည်​နည်း...........။

ဟန်​ရွယ်​၏အနားသို့တဖြည်းဖြည်းတိုး​လျှောက်​သွားကာ...မိမိ၏လက်​အစုံတို့သည်​ဟန်​ရွယ်​၏ပါးပြင်​​ပေါ်သို့...........။

ထို့​နောက်​ပါးပြင်​မှသည်​နူးညံ့လွန်းလှသည့်​နှုတ်​ခမ်းဆီသို့......။
မင်​ဝမ်​မိမိ၏စိတ်​တို့အားထိန်း၍မရ......ထိုနှုတ်​ခမ်းပါးတို့သည်​တစ်​ခုခုအားဆာ​လောင်​​နေသ​ယောင်​.......။

ပြင်းပြလာသည့်​ရမ္မက်​တို့ကမိမိအားအနိုင်​ယူသွား၏.......။
မိမိ၏နှုတ်​ခမ်းတို့သည်​​​ရှေ့မှလူသား​လေး၏နှုတ်​ခမ်းပါး​လေးဆီသို့.....။

Devil System(U+Z)Where stories live. Discover now