Real Life -End

3K 165 17
                                    

Zawgyi

" သားတို့ဘာကိစ္စမုန်း​နေတယ်​ဆိုတာ​မေ​မေမသိ​ပေမဲ့ ​မေ​မေ့အထင်
သားကကိုယ့်​နှလုံးသားကိုညာချင်​​နေတာပဲ_"

မေ​မေသည်​သက်​ပြင်းချ၍ဆို​လေ​​သော်​လည်း မိမိအကြည့်​တို့သည်
မေ​မေ့ထံ၌ရှိ​မ​နေ​ပေ..မဟုတ်​လျှင်​ မိမိ၏အ​တွေးထဲ၌ဖြစ်​သည်​တို့ကို
မေ​မေသိနိုင်​​ပေမည်​....

' ကျွန်​​တော်​ဒီဘဝ​တော့ ခင်​ဗျားကိုလက်​မခံရပါ​စေနဲ့..´

ဝေ့ဝဲလာသည့်​မျက်​ရည်​စတို့​ကြောင့်​ ​ငေးစိုက်​ကြည့်​​နေမိသည်​ပြတင်း​ပေါက်​သည်​ဝိုးတဝါးပင်​...
ဆောင်းရာသီဖြစ်​သည့်​အပြင်​ ​အေးလွန်းသည့်​​လေစိမ်းတို့က ပြတင်း​ပေါက်​မှတိုးဝင်​လျက်​ ပါးပြင်​ကိုနူးညံ့စွာရိုက်​ခတ်​​လေသည်​...

အ​အေးရှိန်​​ကြောင့်​ထင်​သည်​...တင်းခဲထားသည့်​မျက်​ရည်​တို့ကပါးပြင်​​ပေါ်မှတဆင့်​ လက်​ဝါးပြင်​တွင်​ရပ်​တန့်​၏...

မိမိထံမှမည်​သည့်​စကားမှထွက်​မလာသည်​မို့​မေ​မေသည်​ အရှူံး​ပေးသည့်​သူကဲ့သို့ တလူလူတိုက်​​နေသည့်​လိုက်​ကာအားပိတ်​လိုက်​ကာ တိုက်​ခတ်​​နေသည့်​ ​လေတို့၏သွားရာဖြစ်​သည့်​ပြတင်းတံခါးကိုပိတ်​ကာ ထွက်​သွား၏....
သူမသွားရာတစ်​​လျှောက်​လိုက်​မကြည့်​မိ​သော်​လည်း 'ဒုန်းကနဲ´ပိတ်​ကျသွားသည့်​အသံ​ကြောင့်​ အခန်းထဲတွင်​မိမိတစ်​ဦးတည်းသာရှိ​ကြောင်းသိလိုက်​ပြီဖြစ်​သည်​..

ထိုအခါတွင်​​တော့ သိမ်းထားခဲ့သည့်​မျက်​ရည်​တို့ကအတားအဆီးမဲ့စွာပင်​......!!!

...........................................................

တစ်​ချိန်​တည်းတွင်​ပင်​!!

" ကျွန်​မကိုအရင်​လက်​စား​ချေခွင့်​​ပေး!_"

ခပ်​ပြတ်​ပြတ်​စကား​ကြောင့်​ Yuan ဟူသည့်​ထိုသူသည်​ သူမ၏ကိုယ်​​ပေါ်၌​ပြေးလွှားကာကျီစယ်​​နေသည်​ကိုရပ်​တန့်​လိုက်​သည်​...

" ​နောက်​မှဆက်​​ပြောလို့ရလား!?;"

ခွင့်​​တောင်းခြင်းလဲမဟုတ်​သလိုသူမအားအမိန့်​​ပေး​နေခြင်းလဲမဟုတ်​......သူမနှင့်​ရှိ​နေချိန်​တွင်​အရာအားလုံး​မေ့​ပျောက်​ချင်​ရုံသာ...မိမိ​လောဘကကြီးသွားသည်​ထင်​သည်​...

Devil System(U+Z)Where stories live. Discover now