Real Life-7

1.1K 141 5
                                    

Zawgyi

ယခုထိတိုင်​အူငိုင်​ငိုင်​ထိုင်​​နေပြီးမိမိ​ဘေးတွင်​ထိုင်​​နေသူကို​တော့စကားနည်းနည်းပင်​မ​ပြော​သေး​ချေ...အ​ရှေ့မှဖွင့်​ထားသည့်​ရုပ်ရှင်​တွင်​အသိကရှိမ​နေပဲ ​ဘေးကသူကိုကြည့်​လိုက်​ ​ကြမ်းပြင်​တွင်​​နေရာယူထားသည့်​မိမိနှင့်​နီးစပ်​​နေသည့်​ထိုသူ၏​ခြေ​ထောက်​ကိုကြည့်​လိုက်​ဗျာ​များ​နေသည်​....

ထိုသူအနားရှိလျှင်​မတည်​ငြိမ်​တတ်​သည့်​အ​တွေးနှင့်​ရင်​ခုန်​သံကိုမိမိသ​ဘောမကျ​ချေ...

" ​မေ​မေလှမ်း​ပြောတယ်​ သူ့သူငယ်​ချင်းရဲ့တူလာမယ်​ဆိုတာ​လေ"

မည်​သူမျှစကားမဆိုပဲတိတ်​ဆိတ်​​နေမည့်​အတူတူ​တော့ မင်းခဦးဘက်​ကသာဦးဆုံးဆိုလိုက်​သည်​...

ထိုအခါမှသာထိုတည်​ငြိမ်​လွန်းသည့်​သူသည်​မိမိကိုကြည့်​ရင်း​ခေါင်းငြိမ့်​ပြသည်​...

" ဒါဆိုလဲအစ်​ကို​နေမဲ့အခန်းကိုကျွန်​​တော်​လိုက်​ပြမယ်​​လေ ကျွန်​​တော့ကိုအိတ်​​ပေး​လေ _"

" အာ ရတယ်​ရတယ်​ ကိုယ်​သယ်​နိုင်​ပါတယ်​ ​နေရာ​လေးပဲ​ရှေ့က​ပြ​လေး​နော်​ _"

" ဟုတ်​ ဒီဘက်​ကိုဗျ _"

အနက်​​ရောင်​​ကျောပိုးအိတ်​အကြီးသာပါလာသည့်​ထိုသူသည်​ရိုးရှင်းလွန်းသည်​...​..မိမိကိုအ​ရှေ့ကဦး​ဆောင်​​စေတာမို့ ထိုသူ​နေရမည့်​မိမိနှင့်​နီးသည့်​အခန်းသို့​ခေါ်သွားလိုက်​သည်​...

" ဒါအစ်​ကို့အခန်း ဟို​ရှေ့က​တော့ကျွန်​​တော့်​အခန်း တစ်​ခုခုကိုလိုရင်​​ပြောလို့ရတယ်​​နော်​ ကိုယ့်​အိမ်​လိုပဲသ​ဘောထားပါ ​မေ​မေ့သူငယ်​ချင်းတူဆို​တော့ ရင်းရင်းနှီးနှီး​နေလို့ရပါတယ်​ _"

" ကိုယ်​တို့လဲရင်းနှီးတာပဲ​လေ_"

လေတိုးသံ​လောက်​သာကြားရသည့်​စကားတစ်​ချို့ကမိမိအားတစ်​​ခေါက်​ပြန်​လှည့်​ကြည့်​​စေသည်​....

" ဗျာ?!_"

" မဟုတ်​ပါဘူး ​ကျေးဇူးတင်​ပါတယ်​လို့​ပြောတာပါ.."

Devil System(U+Z)Where stories live. Discover now