Real Life-8

1.1K 136 3
                                    

Zawgyi

" ခင်​ဗျားသိပ်​သတ္တိရှိ​နေတာပဲ ဒီ​နေရာအထိလိုက်​လာတယ်​ဆို​တော့_"

ခပ်​​အေး​အေးသာဆိုသည့်​စကားသံကမိမိရင်​အစုံအားသံမှိုရိုက်​​နေသကဲ့သို့ပင်​ ..သို့​သော်​လည်း ထိုနတ်​ဘုရားငယ်​​လေးသည်​​တော့ မိမိအားအနည်းငယ်​မျှပင်​လှည့်​ကြည့်​မ​နေခဲ့​ပေ.... တစ်​​နေကို​ငေးစိုက်​ကြည့်​လျှက်​ပင်​ မိမိကို​ကျောခိုင်းကာစကားကိုဆို​နေခြင်းသာဖြစ်​သည်​...

သေချာတာ​ပေါ့ မိမိအ​ရှေ့မှဤလူသားသည်​မိမိကို​သေ​စေချင်​သည့်​အထိနာကျည်း​နေသည်​ကို_!

ထိုသူ၏​နောက်​​ကျောကို​တွေ့ရုံနှင့်​မျှ ထိုသူအ​ပေါ်ရက်​စက်​ခဲ့သည့်​မိမိပုံရိပ်​ကိုနာကျင်​စွာပြန်​ပြန်​မြင်​​နေရပြန်​သည်​....

" ကိုယ်​တကယ်​ကိုမရည်​ရွယ်​ခဲ့ပါဘူး_"

အစဆုံးမရှိထွက်​လာသည့်​ထိုစကားကိုတုန့်​ဆိုင်းခြင်းအလျင်းမရှိဆိုလာသည့်​သူက မိမိရှိသည့်​ဘက်​သို့ကြည့်​လာ​လေသည်​...

သေချာတာ​ပေါ့ မိမိလွမ်း​နေရသည့်​မျက်​ဝန်းတို့ နာကျင်​စွာကြည့်​​နေသည့်​ထိုသူက _!

" ခွင့်​လွှတ်​ဖို့​ရောတန်​တယ်​ထင်​ခဲ့တာလား?? တကယ်​ဆိုဘာမှမဟုတ်​တဲ့ဘဝ​လေးတစ်​ခုတည်းဆို​ပေမဲ့ နာကျင်​ခဲ့ရတဲ့ကျွန်​​တော့်​အဖို့ကအရူးလိုဖြစ်​ခဲ့ရတာ နာကျင်​​စေခဲ့သူမှန်းသိရက်​နဲ့ခင်​ဗျားကိုကယ်​တင်​ဖို့ဆုံးဖြတ်​ခဲ့တာ
အတတ်​နိုင်​ဆုံး​တော့အရာရာကို​မေ့ပြီးခင်​ဗျားအနား​နေချင်​ခဲ့တာ ​နောက်​ဆုံး​တော့ရခဲ့တာက မယုံကြည်​မှုနဲ့မုန်းတီးမူကသာကျွန်​​တော့်​ဆီမှာစွဲမြဲ​နေခဲ့တာ _ကျွန်​​တော်​တစ်​ကိုယ်​​ကောင်းဆန်​ကြည့်​ချင်​တယ်​ _"

တရစပ်​ဆိုလာသည့်​စကားသံ​ကြောင့်​ပြန်​​ပြောစရာစကားလုံးဟူ၍နည်းနည်းမျှပင်​ရှာမ​တွေ့​ချေ...​ထိုသူသည်​မိမိအားဤမျှနာကျင်​ခဲ့​ချေပြီလား??

" ကိုယ်​!!_"

" ကျွန်​​တော့်​အခုချိန်​မှာအသိစိတ်​အပြည့်​ရှိ​မ​နေလို့ခင်​ဗျားကိုမမုန်းဘူးဆို​ပေမဲ့ ​သေချာ​ပေါက်​​တော့အနားမှာရှိ​စေချင်​တဲ့သူကခင်​ဗျားမဟုတ်​ဘူး
အစတည်းက​ရွေးချယ်​မှုကခင်​ဗျားနဲ့ဆန့်​ကျင်​ဘက်​ကိုဖြစ်​ခဲ့ပြီးပြီမို့ _"

Devil System(U+Z)Where stories live. Discover now