Arc8-7

1.5K 201 5
                                    

Zawgyi

" နင်​တကယ်​ကို​သောင်းကျန်းခဲ့တာပဲ _"

အလင်းတန်းတစ်​ခုဆီမှထွက်​လာသည့်​အသံ​ကြောင့်​ သူမသည်​ရင်​ဘတ်​အားဖိ၍ပြန်​​ဖြေလိုက်​၏!_

" oh..ဘာလဲ ဒါကနင်​ငါ့ကို​ပေးတဲ့အခွင့်​​အ​ရေးပဲမလား_"

မိမိနှင့်​ရုပ်​ချင်းတူ​သော်​လည်း မတူသည့်​သူမ၏မျက်​ဝန်းတို့...
ထို့ပြင်​နာကျဉ်းရှိသည့်​သူမ၏ပုံရိပ်​​ကြောင့်​ Ameliaသူမအားကူညီမိမိ​နေရာတွင်​​နေ​စေသည်​...​သေချာ​ပေါကက်​က​တော့ မိမိ၏ဖြစ်​လာမည့်​ဖြစ်​ရပ်​ဆိုးအားကာကွယ်​ရန်​...

" ငါနင့်​ကိုငါ့​နေရာမှာ​နေ​စေတယ်​ဆိုတာက ဘာ​ကြောင့်​ဆိုတာနင်​သိပါတယ်​Linda _"

ထိုအခါတွင်​​တော့ Lindaဆိုသည့်​သူမသည်​မျက်​ဝန်းကိုပိတ်​ချလိုက်​ပြီး​နောက်​​လေကိုရှိုက်​သွာင်းလိုက်​သည်​..တ​ဖြေး​ဖြေးမျက်​ဝန်းတို့အားဖွင့်​လိုက်​သည့်​​နောက်​တွင်​​တော့ သူမ၏ပုံစံသည်​မူလအလှနတ်​ဘုရားမ၏ပုံစံမှ​ခေတ်​သစ်​မှမိန်းမပျို​လေးတစ်​ဦးအဖြစ်​ချက်​ချင်း​ပြောင်းလဲသွားသည်​ သူမ၏ဂုတ်​​ပေါ်၌ဖရိုဖရဲပုံ​လေးဖြင့်​ကျ​နေသည့်​ဆံနွယ်​​ရွှေ​ဝါ​ရောင်​တို့ကတဖြည်းဖြည်းနှင့်​အညိုရင့်​​ရောင်​အဖြစ်​သို့​ရောက်​ရှိသွားသည်​...

ဟုတ်​ပါသည်​ထိုအရာသည်​မှမိမိ၏ပုံစံအမှန်​..Lindaပုံစံပြန်​​ပြောင်းပြီး​နောက်​တွင်​​တော့ ​ရွှေဝါ​ရောင်​အလင်းတန်းတစ်​ခုက​ပေါ်ထွက်​လာ​လေသည်​...ထို့​နောက်​မိမိမ​ပြောင်းလဲခင်​ရှိခဲ့သည့်​ပုံစံအဖြစ်​သို့​ပြောင်းလဲသွားသည်​...

ပြီးသည့်​အချိန်​တွင်​​တော့ သူမ​ပြောခဲ့သည့်​စကားကိုမိမိဆက်​ဆိုလိုက်​သည်​...

" ငါသိတာ​ပေါ့ ဒါက​သေချာ​ပေါက်​အ​ပေးအယူ​ကြောင့်​ပဲဆိုတာ _ဘာပဲဖြစ်​ဖြစ်​ပါ ငါကလဲနင်​ပဲ​လေ ငါဘာလုပ်​လုပ်​နင်​လုပ်​သလိုပဲဆိုတာ​ရောနင်​သိတယ်​မလားAmelia_"

Ameliaသူမ၏အ​ဖြေအား​ခေါင်းငြိမ့်​​ထောက်​ခံလိုက်​ပြီး​နောက်​သူမ၏အ​တွေးတို့အာတစ်​​နေရာဆီသို့လွှင့်​​မျောလိုက်​သည်​...ထိုအချိန်​တွင်​Lindaဆိုသည့်​သူမသည်​​တော့ ​ပျောက်​ကွယ်​သွား​လေပြီ...ပုံစံမတူ​သော်​လည်း မိမိမဟုတ်​သည့်​မိမိပင်​မဟုတ်​ပါလား?!

Devil System(U+Z)Where stories live. Discover now