Arc6-5

2.4K 340 10
                                    

Zawgyi..

တစ်​ဖက်​အခန်းမှ​ပြော​နေသည်​တို့ကိုနား​ထောင်​၍ လက်​ထဲမှဖန်​ခွက်​အား အားပါပါဖြင့်​ဆုပ်​ကိုင်​ထားသည့်​သူ...။

တဖြည်းဖြည်း ကွဲအက်​လာသည့်​ခွက်​မှ အစတို့ကလက်​တွင်းသို့စိုက်​ဝင်​ကာ ကြမ်းပြင်​​ပေါ်၌ တစ်​စက်​ချင်းကျဆင်း​နေ​လေသည်​...။

Min Hwanသည်​​တော့ ​ရှေ့မှ အနိုင်​ရသူပမာထွက်​သွားသည့်​ သူမမိမိမျက်​စိမှ​ပျောက်​ကွယ်​သွားသည်​အထိ​စောင့်​ကြည့်​​နေသည်​...။

' ommm...မင်းတို့ကဇာတ်​လိုက်​သာဆိုတယ်​....တကယ့်​ကိုအရူး​တွေပဲ ​တော်​သိလိုလိုနဲ့ လူတိုင်း​ပြောတာကိုယုံနိုင်​တဲ့အထိ..ဥပမာရန်​သူဆိုရင်​​တောင်​မှ​ပေါ့.´

[ De..ဇာတ်​လိုက်​အခုဘယ်​မှာရှိလဲငါသိချင်​တယ်​....]

[ အခု hostရဲ့အိမ်​ကို​ရောက်​​နေပါတယ်​..]

[ အိမ်​တဲ့လား!!_?]

Min Hwan အိမ်​​တော်​သို့ပြန်​ရန်​ ဦးတည်​လိုက်​သည်​.....။နောက်​မှမိမိနှင့်​ထပ်​ကြပ်​မကွာပါလာသူအားမသိချင်​​ယောင်​​ဆောင်​၍သာဆက်​သွား​နေလိုက်​သည်​.....။

.........................................................................

" သခင်​ကြီး..ဟို ဧည့်​သည်​​ရောက်​​က်​​နေပါတယ်​"

" ဧည့်​သည်​တဲ့လား_? ငါမဖိတ်​ပဲ​ရောက်​လာတဲ့ဧည့်​သည်​ကဘယ်​သူများလဲ.."

" အို...အမတ်​ချုပ်​ကြီးက ဒီအိမ်​​ရှေ့စံကို​တွေ့တာ​တောင်​ ​အေး​ဆေး​နေပါလား...ဘာလဲ အိမ်​​ရှေ့စံကမလာသင့်​တဲ့​နေရာကိုများ​ရောက်​​နေခဲ့တာလား.."

"​အော​ဟော..အိမ်​​ရှေ့စံကထင်​ရာ​တွေ​တွေး​နေပြန်​ပါပြီ...ကျွန်​​တော်​မျိုးကဘယ်​အတွက်​​ကြောင့်​အရဲစွန့်​ပြီး အိမ်​​ရှေ့စံလိုလူကိုဘယ်​လိုလျစ်​လျူရှု့ပါမလဲ...​နောင်​ဆိုရင်​ထီးနန်းရာဆက်​ခံရမဲ့သူပဲကို.."

Min Hwan 'ထီးနန်းဆက်​ခံသူ´ဆိုသည့်​​နေရာအားတမင်​ဖိ​ပြောလိုက်​သည်​...။ထိုမှသာ အိမ်​​ရှေ့တွင်​ နား​ထောင်​​နေသည့်​သူသိမည်​မဟုတ်​ပါလား.....။

Devil System(U+Z)Where stories live. Discover now