Arc3-5

4.9K 478 2
                                    

" အားရွယ်​...အားရွယ်​...သား​လေးပြန်​လာပြီလား.."

ဟန်​ရွယ်​အိမ်​​တော်​သို့​ရောက်​သည်​နှင့်​ဖခင်​နှင့်​မိခင်ဆီသို့ဦးစွာဂါရဝပြုလိုက်​သည်​......။

ထုံးစံအတိုင်းဖခင်​သည်​​တော့​အေး​ဆေး​နေမြဲ....သို့​သော်​လည်း...သားတို့အားမိခင်​ကပိုချစ်​သည်​ဟူ​သောစကားနှင့်​အညီမိမိကိုစိတ်​ပူး​ပေးသည့်​လူရှိသည်​ဟူ​သောအ​တွေးသည်​နှင့်​မိမိအားပိုမိုအားတက်​​စေသည်​.....။

မိမိအားဂရုမပြု​သော်​လည်း...ဖခင်​ဟူသည့်​စိတ်​ကိုထည့်​၍ဂါရဝပြုလိုက်​သည်​.......။

" ညီမ​တော်​​လေး​ရောအဆင်​​ပြေပါရဲ့လား.."

ဟန်​ရွယ်​​ဘေးနားတွင်​​ရောက်​​နေသည့်​ညီမ​တော်​အား​မေးလိုက်​သည်​......။

ဝမ်​ရယ်​၏မိန်းမဖြစ်​သွားသူမို့မာနသည်​​ခေါင်​ခိုက်​​နေ​လေသည်​....သို့​သော်​လည်းမိမိဂရုမစိုက်​​ချေ.....ယခုဆိုလျှင်​သူမသည်​မူလဇာတ်​လမ်းနှင့်​​​လွဲ​ချေပြီဖြစ်​သည်​......။

အိမ်​​ထောင်​ရှိ​နေပြီဖြစ်​၍မိမိအားလုပ်​ကြံရန်​ဟူသည့်​သူ၏အ​တွေးတို့သည်​​ဝေးကွာ​လောက်​​ချေပြီဖြစ်​သည်​.......။

ဟန်​ရွယ်​မိမိအ​​တွေးနှင့်​မိမိမို့ပြုံး​နေမိသည်​.......။

" ​နေ​ကောင်းပါတယ်​...အစ်​ကို​တော်​​ရောကျန်းမာပါရဲ့လား...ကြည့်​ရတာ​တော့....ခန္ဓာကိုယ်​ကအရင်​ကထက်​သန်​မာလာတယ်​ထင်​တယ်​..."

မိမိအားခနဲ့တဲ့တဲ့ဆိုလာသည့်​သူမ...........။

" သန်​မာလာသင့်​တာ​ပေါ့...ဘာလို့ဆို...ရန်​သူဆိုတာ​ဘေးနားမှာရှိ​နေရင်​​တောင်​သိနိုင်​တာမဟုတ်​ဘူး​လေ...အရင်​လိုသာ​ပျော့ညံ​နေခဲ့ရင်​...ဒီကအစ်​ကို​တော်​ညံရာကျ​နေပြီ​ပေါ့...မဟုတ်​ဘူးလား...လူတကာကိုနိုင်​ခွင့်​မ​ပေးသင့်​​တော့ဘူး....အ​ခြေအ​နေအရကိုယ့်​ကိုတက်​နင်းသွားမဲ့လူကြီးပဲ​လေ...."

ဟန်​ရွယ်​မိမိအ​ပြော​ကြောင့်​မဲ​မှောင်​ကျသွားသည့်​လူတစ်​ချို့၏မျက်​နှာတို့အားအကဲခတ်​ကာစကားတို့အားရပ်​လိုက်​​လေသည်​......။

Devil System(U+Z)Where stories live. Discover now